Part 7

325 18 2
                                    

Unicode

မြို့ပြရဲ့ မီးပြအလင်းရောင်က အင်းယားကန်ဘောင်တစ်လျှောက် လင်းထိန်နေသည်။ လကွယ်ညမို့ မဟူရာကောင်းကင်ထက် အလင်းပေးမည့် လမင်းက မရှိ။ သို့တစေ ကျွန်တော့်ဘဝကို အလင်းရောင်ပေးသူကတော့ ဘေးနားကပ်လျက်မှာ အတူလမ်းလျှောက်နေလေရဲ့။

နှင်းတို့အိမ်မှ အပြန် အင်းယားကန်ဘောင်တွင် လမ်းလျှောက်ချင်သည် ဟူသော ကျွန်တော့်ဆန္ဒကို လင်းထင်က အကြောင်းပြချက်တောင် မမေးဘဲ လက်ခံသည်။ အတူနေတာ ကြာလာတော့လည်း ကျွန်တော့်နှင့် ပတ်သက်ပြီး ရောင့်ရဲတတ်အောင် လေ့ကျင့်ခဲ့သော လင်းထင်ဆီမှာ ချွင်းချက်နှစ်ခုရှိကြောင်း သိလာရ၏။

ပထမအချက်က ကျွန်တော်နဲ့ ပတ်သက်ပြီး သူ့ရဲ့မက်မောစိတ်... ကျွန်တော့်ကို ထိပြီးရင် သူ့ဘယ်လိုမှ ရပ်တန့်လို့မရတာ ကျွန်တော် သိတယ်။ သူ့ကိုယ်သူလည်း သိတာမို့ ကျွန်တော်အားနာရတဲ့အထိ ထိန်းသိမ်းတတ်သေးတယ်။

ဒုတိယအချက်က သူ့အပေါ်ထားတဲ့ ကျွန်တော့်အချစ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ...လင်းထင်က အဲ့တာတွေကို ကျွန်တော့်နှုတ်ကလွဲပြီး အခြားဘယ်သူ့ဆီကမှ မကြားချင်ဘူး။ လင်းထင်မှ အဲ့လိုအတ္တစိတ်သေးသေးလေးလည်း ရှိသေးတယ်။

ယခုချိန်အထိ တစ်လမ်းလုံး နှုတ်ဆိတ်နေသူက ကျွန်တော့်အပေါ် အနည်းငယ်စိတ်ကောက်နေပုံရ၏။ လင်းထင်အပေါ် ထားမိခဲ့သည့် အလွမ်းများအကြောင်း ကျွန်တော့်နှုတ်ကနေ စာစီပြီး ထွက်မလာဘဲ သူငယ်ချင်းများဆီမှ တစ်ယောက်တစ်ပေါက်ဖြင့် ကြားခဲ့သောကြောင့် ဖြစ်ပုံရသည်။

နွေညမှာ အင်းယားကန်ကို ဖြတ်သန်း၍ အေးစိမ့်စွာ တိုက်ခတ်လာသည့် လေပြည်များက လူကို နေသာထိုင်သာ ရှိစေသည်။ လူသူရှင်းကာ တိတ်ဆိတ်နေသည့် ယခုလိုညမျိုးတွင် ကျွန်တော့်တို့အတွက် အနေအထိုင် ဆင်ခြင်စရာမလို။

ပန်းချီဆရာလေး၏ လက်ဖဝါးနွေးနွေးလေးကို ဆုပ်ကိုင်ချင် ဆုပ်ကိုင်နိုင်သည်။ သို့သော်လည်း ကျွန်တော် မကိုင်ခဲ့ပါ။ ကိုယ်စီ ဘေးဘက်သို့ ချထားသော လက်ဖမိုးနှစ်ခု၏ တစ်ခါတစ်ရံ ထိတွေ့မှုလေးကိုသာ မြတ်နိုးသည်။

ကန့်လန့်ကာပါး (ကန့်လန့်ကာပါး)Where stories live. Discover now