Unicode
Chapter 12 | စီးကရက်ရှိုက်ရင်း စကားလည်း ဖောင်ဖွဲ့ရင်း
တစ်ရက်၊ နှစ်ရက်...သုံးရက်။ သုံးရက်တိတိ အံ့မင်းက နိုးကို မဆက်သွယ်လာသလို နိုးလည်း အံ့မင်းကို သွားမတွေ့မိ။ ရန်ဖြစ်ထားတာ မဟုတ်သည့်တိုင် ၂ယောက်သား အဆက်အဆံမလုပ်မိကြပါ။ ကြည့်ရတာ ဆန္ဒဖြည့်နတ်သမီးဆီ နိုးရဲ့ ဆုတောင်းစကား မပေါက်ကြားသွားဘူးထင်ပါသည်။ ဆာလောင်နေသည့် မိစ္ဆာတစ်ကောင်အလား အအေးဓါတ်မမည်သော အေးစက်ခြင်းတွေက သူနဲ့နိုး ကြား တစ်စတစ်စဝါးမျိုသိမ်းပိုက်၏။ သို့မဟုတ် နိုးကိုယ်တိုင်ကပဲ ထိုအေးစက်ခြင်းမိစ္ဆာတွေကို စတင်မွေးမြူမိသည့် စုန်းကဝေဖြစ်နေပြီလား။
မိမိမျက်နှာချင်းဆိုင်ရှိ ၁၀ပေနီးပါးမြင့်သော မျက်နှာကြက်ပေါ်က တွဲလဲချိတ်ဆွဲထားသည့် မီးဆိုင်းကြီးကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ နိုး ဒီအတောအတွင်း ဒီ၂ယောက်အိပ်ကုတင်ကြီးပေါ်မှာ သောင်တင်နေဖြစ်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မိုးရေထဲဝယ် လူမှန်းသူမှန်းမသိအောင် ဘဝပျက်နေသည့် မိမိကို လာခေါ်တဲ့ မမနောက်လိုက်ရင်း အခုမိသားစုပိုင်အိမ်မှာ ရောက်နေခြင်းဖြစ်သည်။
အစီအစဥ်မကျစွာ ပုံပျက်နေသည့် နိုးစိတ်တွေကို ပြန်လည်စုစည်းရန် အချိန်အနည်းငယ်ယူလိုက်သည်မှာ မှန်သွားဟန်။ ဒေါသတွေ၊ အတ္တတွေ၊ ဝမ်းနည်းမှုတွေကို သူ့အကန့်နဲ့သူ ခွဲခြမ်းစိတ်ဖြာလိုက်တော့မှ နိုးဘက်က မစိုသလောက်လေး သူ့အပေါ်လွန်သွားမိကြောင်း ပြန်လည်သုံးသပ်မိသည်။ အမှန်ဆို သူနဲ့ ဟိုကောင်လေး ဘာမှမဟုတ်ကြောင်းသိနေလျက် စိတ်အပူလွန်ပြီး တွန့်တိုဇောတို့ကြောင့် မွှန်ထူ ပူလောင်နေသည့် မိမိ့မှာ အံ့မင်းမကြိုက်သည့်၊ လက်မခံနိုင်သည့် စကားများကို တမင်ရွေးကာ အရွဲ့တိုက်ပြောမိခြင်း။ မိမိလွန်သွားကြောင်းသိပင်မဲ့ လည်း တစ်စက်ကလေးမှ အလျှော့မပေးနိုင်ပါ။ ကိုယ်အလျှော့ပေးခါမှ သူ့ကို ဆုံးရှုံးလိုက်ရရင်ဘယ်လိုလုပ်မလဲ။ သူ့ကို မိမိပိုင်တယ်လို့ သတ်မှတ်ပြီးလက်စနဲ့ ဆက်ပြီး သူမသိအောင် တိတ်တိတ်လေး မှတ်တမ်းတင်လိုက်လို့ ဘာမှမဖြစ်လောက်ဘူးမလား။

YOU ARE READING
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
General FictionStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...