Chapter 14 | အိမ်မက်ဆိုး ပြန်လည်ပေါ်ပေါက်ခြင်း

515 27 6
                                    

Unicode

Chapter 14 | အိမ်မက်ဆိုး ပြန်လည်ပေါ်ပေါက်ခြင်း

ပန်းကန်​ဆေး​ရင်းတန်းလန်းနဲ့ အံ့မင်းကို လှမ်း​မေး​တော့ မထင်ထားသည့် အ​ဖြေပြန်​ရခဲ့သည်။ ဟို ခွန်း ဘာဆိုလား ​ကောင်​လေးကို ဒဏ်ရာရ​အောင်လုပ်တာ နိုးတဲ့​လေ။ ပြီး​တော့ အံ့မင်းက အဲ့​ကောင်​လေးကို ​ဆေးရုံမှာ​​စောင့်​ပေးအုန်းမယ်ဆိုလား။

အံ့မင်းကို ​မေးချင်သည်။ အမေ​ကျော် ​ဒွေး​တော်လွမ်းသလို ဘာလို့ချစ်သူကို ​ကျော်ပြီး တစ်ခြားသူကို ဂရုစိုက်​နေတာလဲလို့။ ဒါမှမဟုတ် ဟို​ကောင်​​လေးက သူ့ဒဏ်ရာ​တွေ မြင်​အောင်ပြခဲ့ပြီး နိုးက နိုးရဲ့အမာရွတ်​တွေကို သူမမြင်​အောင် ကွယ်ဝှက်ထားမိလို့လား။ အံ့မင်းတကယ်ကို နိုးအား ဂရုမစိုက်ခဲ့။ နိုးလက်​ပေါ်က အမာရွတ်​တွေကို သတိထားမိသူမှာ မမတစ်​ယောက်ပဲတဲ့​လေ။ ကြင်နာရသူက နိုး ဒဏ်ရာ​တွေကို မမြင်ဘူးတဲ့...။

ရင်ဘက်ထဲ စို့နင့်ပြည့်သိပ်လာလို့ မျက်လုံး​ရှေ့မှ သက်ရှိ​လေးကို ပိတ်​လှောင်လိုက်ချင်သည်။ မမြင်နိုင်သည့် ဒဏ်ရာဒဏ်ချက်​တွေမှ သွေးစိမ့်စိမ့်ယိုကျလာမှုကို ရပ်တန့်နိုင်ရန် ထိုသူအား နိုးအနားမှာဘဲ အပြီးတိုင် အလုံပိတ်ချုပ်​နှောင်ထားချင်ပါသည်။

ခြေပတ်​တွေတပ်​​၊ လက်ထိပ်​တွေခက်ပေးကာ နိုးရဲ့ နှလုံးသား အကျဥ်း​ထောင်ထဲ သူ့ကို ပိတ်​​နှောင်ထားချင်ပါသည်။ ​နေ့စဥ်​ကျွေးမဲ့ အစားအ​​သောက်က​တော့ နှလုံးသား​က လှီးယူထားတဲ့ ​အ​သွေးအသား​တွေပေါ့။

အာ... အဲ့လိုမျိုး​တွေ အံ့မင်းမကြိုက်မှန်းသိရဲ့သားနဲ့​တွေး​နေမိတဲ့ မိမိကိုယ်မိမိအလွန်မုန်းမိပါ၏။ ယခုလို အပိုင်သိမ်းချင်သည့် မိမိစိတ်များ လွတ်ထွက်သွားရင် ​အတိတ်မှာ ကောင်းတဲ့ကိစ္စတစ်ခုမှ မဖြစ်လာခဲ့သည်မို့ အခုလည်း အချိန်မလွန်မှီ ထိန်းသိမ်းထားရမည်။ တဆတ်ဆတ်တုန်ရီလာ​သော မိမိကိုယ်ကို အတတ်နိုင်ဆုံးထိန်း၍ အပြန်ထွက်ဖို့ ပြင်​နေပင်မဲ့ တစ်ခုခုကို​ စောင့်​နေသလို တံခါးနားမှာ ရစ်သီရစ်သီလုပ်​နေ​သော အံ့မင်းကို မြန်မြန်သွားဖို့ တွန်းထုတ်လိုက်ရသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ