Unicode
Chapter 15 | ပထမဆုံး ခံစားတတ်ခြင်း
" ချစ်တယ်... "
နာကျင်နေပုံရတဲ့ လွိုင့်ကိုငေးနေရင်း မထင်မှတ်ဘဲ ကျွံကျမိသွားသော စကား။ သူ့မျက်ဝန်းတွေကို မတွေ့ရသည့်တိုင်အောင် ခပ်မတ်မတ်ဖြစ်သွားသည့် သူ့ကျောကျယ်ကျယ်ကြောင့် သူခွန်းစကားအပေါ် အံ့သြသွားပြီး မယုံသည့် အငွေ့အသက်များရောပါနေသည်ဟု ခွန်းခန့်မှန်းမိသည်။
" ကျွန်တော် လွိုင့်ကို ချစ်တယ် "
ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တိတွေနဲ့ ခွန်းသစ် စွတ်ရဲမိပြန်သည်။ ဒီတစ်ခါတော့ လွိုင် ခွန်းကို လှည့်ကြည့်လာသည်။ မလုံမလဲဖြစ်မိသူက ခွန်းမလို့ မသိမသာ အကြည့်လွှဲမိ၏။
" ..... ညီ... ကိုယ်.. "
" ကျွန်တော်သိတယ်။ ဒါကြောင့်မို့... မပြောပါနဲ့။ "
သေချာပေါက် လွိုင်က ငြင်းမှာမလား။ ဒီပုစ္ဆာဟာ မတွက်ခင်ကထဲက အဖြေရှိပြီးသားမှန်း ခွန်းသိသည်။ ဒါမဲ့ ခွန်း မျက်နှာပြောင်ပြောင်နဲ့ အဖြေကို မသိသလို ဟန်ဆောင်ရင်း အဆုံးထိ တွက်ချင်မိသည်။ ပုံမှန်တွက်နည်းကို မသုံးဘဲ တစ်ခြားနည်းကိုသုံးပြီးတော့ ခွန်းတွက်ချင်သည်။ တွက်လို့ရတဲ့ အဖြေက မူလ အဖြေနဲ့ မတူရင်တောင် မိမိ အဖြေက အမှန်ပါလို့ ယူဆပြီး အတန်းထဲမှာ ဆရာမကို အကျယ်ကြီးအော်ပြောပလိုက်မည်။ မိမိအဖြေမှာ တစ်ရွာနဲ့ တစ်ယောက်ဖြစ်နေရင်တောင် ကိုယ့်အဖြေသည်သာ အမှန်လို့ ရူးရူးမိုက်မိုက် ဆက်တွေးချင်သည်။ ဒါကြောင့် လွိုင်...။ ခွန်းအမှားကို ထောက်မပြပါနဲ့၊ မပြင်ပေးပါနဲ့။ အဖြေမှန်ထွက်သွားမှာ ခွန်း သိပ်ကို စိုးထိတ်နေမိတာမလို့ပါ...။ ပိုင်ဆိုင်ခွင့်မရှိတဲ့ ခွန်းရဲ့ တစ်ခုတည်းသော ပျော်ရွှင်မှုလေးကို ဒီတိုင်းလေး အပျင်းပြေကြည့်ပေးပါ လွိုင်...။
" လွိုင့်အပေါ်ထားရှိတဲ့ ကျွန်တော်ခံစားချက်ကို ပြောပြရုံသက်သက်ပဲမို့... လွိုင့်ဆီက အဖြေမရလည်း ဖြစ်တယ်။ "
" .... "
လွိုင်က ဘာမှပြန်မပြော။ ခွန်းသစ် လုပ်ပြုံးလေးတစ်ခုကို နာနာကျင်ကျင်ဖန်တီးကာ...

ESTÁS LEYENDO
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
Ficción GeneralStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...