Chapter 18 | သူ့ကို လွမ်းသည်

542 28 1
                                    

■ Unicode

Chapter 18 | သူ့ကို လွမ်းသည်

" နိုး မင်းခေါင်းမမာနဲ့​... ကိုကိုနဲ့ ပြန်လိုက်ခဲ့ "

" ဟင့်အင်း... သား ဒီမှာပဲ အံ့မင်းနဲ့ ​နေမှာ "

​ရေခဲပြင်အလား ​အေးစက်လှသည့် မျက်နှာထားဖြင့် နိုးအား လေသံတင်းတင်း​​ပြောလာ​သော ကိုကို။

" မင်း​ဆေး​တွေ ပြန်​သောက်​နေရတာ ကိုကိုသိတယ်နော် "

" .... "

" နိုး​ရာ... ကိုကိုနဲ့ ဂျပန်ကို ပြန်လိုက်ခဲ့စမ်းပါ... ဒီမှာထပ် ဟိုမှာ ဆေးကုရင် ပိုကောင်းတာ နိုးလည်း သိရဲ့သားနဲ့..."

​ကိုကိုက ခြောက်တစ်လှည့် ​ချော့တစ်လှည့်ပြော၏။ နိုး မှင်​သေ​သေဖြင့် ရပ်မြဲအတိုင်းသာ ​ပေကပ်ရပ်​နေလိုက်သည်။

" ဟင့်အင်း.. အံ့မင်းနဲ့ မခွဲချင်ဘူး "

" ဒါဆိုလဲ သူ့ပါ ဂျပန်​​လိုက်ခိုင်းမယ် "

" မဖြစ်ဘူး...မ​ခေါ်နဲ့... မဖြစ်ဘူး.... အံ့မင်း သား​ရောဂါအ​ကြောင်း သိသွားရင် ဘယ်လိုလုပ်မလဲ..."

ချာ​နေ​အောင်​ ​ခေါင်းခါလျက် အတင်းကာ​ရောငြင်းမိသည်။ နိုး အ​ခြေအ​နေကို အံ့မင်းသိသွားလို့ သူနိုးကို မချစ်​တော့ရင် ဘယ်လိုလုပ်မလဲ။ ​သေချာ​​ပေါက် ဒီစိတ်ပျက်စရာ စိတ်​ရောဂါအ​ကြောင်းကို အံ့မင်းအား ​ပေးမသိချင်ပါ။

" သျှားနိုးတ ခေါင်းမမာစမ်းနဲ့ကွာ..။ မင်းကိုကို့အ​ကြောင်း သိတယ်​နော်။ လွိုင်အံ့မင်းနဲ့ ကိုကိုစကားသွားမ​ပြောချင်ဘူး။ အဲ့​​တော့ လိမ်လိမ်မာမာမနဲ့ ဒီည ကိုကိုနဲ့ ဂျပန်ပြန်လိုက်ပြီး ​ဆေးကုသမှုခံယူ။ "

ကိုကိုက နိုးကို ခပ်မာမာ​ပြောရင်း ခပ်စူးစူးအကြည့်တစ်ချက်ပစ်လွှတ်ပြီး ချက်ချင်းလှည့်ထွက်သွား၏။ မိမိမှာ ရွေးချယ်မှုမရှိ​​တော့။ အံ့မင်းနဲ့အတူ တက္ကသိုလ်တက်ရမည့်အစား ကိုကိုနဲ့အတူ ဂျပန်ပြန်လိုက်သွားရမည်သာ။ အလိပ်လိုက် အလိပ်လိုက်တက်လာ​သော အလိုမကျမှု​တွေ​နဲ့ ​ဒေါသ​တွေကြောင့် စားပွဲ​ပေါ်ရှိ ပစ္စည်း​တွေအားလုံးကို အားဖြင့် တွန်းချလိုက်သည်။ ကျကွဲသည့် ပစ္စည်းများက ကွဲ၊ ကျိုးသွားသည့် ပစ္စည်းများက ကျိုး။ ​

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now