Chapter 19 | အားလုံးကို သတ်မယ်!

509 21 0
                                    

■ Unicode

Chapter 19 | အားလုံးကို သတ်မယ်!

" လူနာ ခွန်းသစ်ပလား?..  အာ.. သူ ​စောနကပဲ ​ဆေးရုံဆင်းသွားတယ်ရှင့်။ "

" .... "

" ...ဟုတ်ကဲ့ပါဗျ ​ကျေးဇူးပါ။ "

​သူနာပြုဆရာမ​လေးကို ကတိုက်ကရိုက် ​ကျေးဇူးတင်စကား​ပြောပြီး စကားဆုံး​အောင်မ​စောင့်ဘဲ ချက်ချင်း​ဆေးရုံအပြင်ထွက်ဖို့ပြင်​နေတဲ့ နိုးအ​နောက်ကို ခွန်​နေနိုင်း​အောင်တစ်​​ယောက် အ​ပြေး​လေးလိုက်ရပါသည်။ ​နိုး ခွန်​နေကို မ​စောင့်နိုင်​လောက်​အောင်ကို အလျင်လို​နေမိသည်။

ဟို​ကောင်​လေး ဆေးရုံဆင်းသွားပြီမလို့ သူနဲ့ အံ့မင်းနဲ့ ဆက်ဆံစရာအ​ကြောင်းမရှိ​တော့ပါ။ အ​တွေး​ကြောင့် ရင်ထဲမသိမသာ​ပျော်မြူး​​နေမိသည်။ ​​

အစကတော့ ကိုယ့်အခြေအနေကြောင့် မိမိမှာ အံ့မင်းကို လက်လွတ်ပြီး သူ့ကို တကယ်ချစ်တဲ့ သူတစ်ယောက်ယောက်နဲ့ တွေ့စေချင်သည်။ ဒါကြောင့် အဲ့ကောင်လေးနဲ့ စကားသွားပြောပြီး အံ့မင်းကို တကယ်သဘောကျ မကျ သွားအကဲခတ်ကြည့်ခဲ့သည်။

သူက မိမိလောက် အံ့မင်းကို မချစ်နိုင်ပင်မဲ့ မဆိုးဘူးဟု နိုး တွေးမိသည်။ သို့ပင်မဲ့ တကယ်ကြီး အံ့မင်းနဲ့သူ အဆင်ပြေနေသည်ကို နိုးမကြည့်ချင် မကြည့်နိုင်။ အံ့မင်းကို လက်လွှတ်လိုက်ပြီဟု တွေးနေသည့် ကြားမှ မိမိမသိစိတ်က အံ့မင်းကို လက်မလွှတ်နိုင်သေးပါ။ အခုလည်း ခွန်းသစ်ပဆေးရုံဆင်းပြီဆိုလို့ စိတ်သက်သာရာရနေသည်မှာ ကွဲ​နေသည့် မိမိ​ခြေဖဝါးက နာကျင်မှုကိုတောင် မခံစားမိတော့ပါ။ မိမိမှာ အံ့မင်းကို လမ်းခွဲစကား ဆိုပြီးတာတောင် မသိမသာကျေနပ်နေမိသည်။

နိုးကားထဲဝင်ရန် တံခါးဖွင့်​ပေးသည်ကအစ စကားတစ်ခွန်းဟစရာမလို​အောင် လို​လေ​သေးမရှိ အ​နောက်က လိုက်ဖြည့်​ပေးပြီး​​​နောက် ကား​မောင်းသူ​နေရာကို ခွန်​နေတက်ထိုင်လိုက်သည်။

" နိုး.. ခါးပတ်ပတ်။ ဘယ်သွားမှာလဲ ဆို.. "

" အိမ်.. အံ့မင်းအိမ် "

" အမ်.. လိပ်စာသိတယ်မလား? "

ကားစက်နိုးရင်း​ပြော​တော့ နိုး​လေးက ​ခေါင်းညိတ်ပြ၏။ ထို့​နောက် နှုတ်ခမ်းဖူးဖူး​လေးဆီက ထွက်ကျလာသည့် လိပ်စာအတိုင်း ခွန်​နေနိုင်း​အောင် ကား​လေးကို​​ မောင်းနှင်လိုက်သည်။ တစ်လမ်းလုံး ​ဘေးနားက​ ကောင်​လေးမှာ တိတ်တိတ်​လေး​နေပြီး ကားပြူတင်း​ပေါက်မှအပြင်ကိုသာ ​ငေးကြည့်​နေသည်။ မျက်နှာ​ဖွေး​ဖွေး​လေးမှာ နဂိုထပ် အနည်းငယ်​ဝင်းလက်လာပြီး အပြာ​ရောင်မျက်ဝန်းတို့မှာလည်း ​တောက်ပလာဟန်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ