Chapter 20 | နောက်တစ်ခါ ထပ်မမှားရအောင်

655 28 3
                                    

■ Unicode

Chapter 20 | နောက်တစ်ခါ ထပ်မမှားရအောင်

" ပူလိုက်တာ..​ လေပူ​တွေ တိုက်​နေတာဘဲ။ ​ကိုယ် AC ဖွင့်​​လိုက်အုန်းမယ် "

အရင်တုန်းက ရိုက်ထားသည့် ဓါတ်ပုံ​တွေကို ​ငေးရင်း သျှားကို လွမ်း​ကြောင်း သီကုံး​ရေးဖွဲ့​နေမိသည်မှာ ​လေပူ​တွေ တိုက်ပြီး ​ချွေးစီး​​​တွေ ဖြိုင်ဖြိုင်ကျလာ​တော့မှ အ​တွေးနယ်ချဲ့လွန်​နေပြီဆိုတာသတိရသည်။ ပူတက်လာ​​သော အခန်းငယ်ကို အ​ကြောင်းပြု၍ အရှက်​ပြေ ​အ​ကြောင်းပြချက်​ပေးပြီး အတိတ်တစ်​နေရာဆီ​ရောက်​နေ​သော စိတ်တို့ကို မနည်းပြန်​ဆွဲ​ခေါ်ရပါသည်။

" ​​ကျွန်​တော်​ရော ဘာကူ​ပေးရမလဲ အစ်ကိုလွိုင် "

" နေ ​နေ..။ ညီခြေ​ထောက်​ကောင်းတာလဲ မဟုတ်ဘဲနဲ့။ ပြီး​တော့ ညီက ဧည့်သည်​လေ။ ကိုယ်ဘယ်လိုလို့ ခိုင်းရက်မလဲ? "

ကိုယ့်ကို အချိန်ပြည့်နီးပါး ငေး​မောကြည့်​နေသည့် ညီက ကူဖို့ ပြင်သည်ကို လွိုင် မဆိုင်းမတွ ငြင်းလိုက်သည်။ လွိုင့် တိုက်ခန်းမှာ ဝရန်တာမပါ။ အ​ရှေ့မျက်နှာစာကို မှန်အ​နောက်​တွေဖြင့်သာကာထား၏။ ဘယ်ညာ တစ်ဖက်တစ်ချက်ဆီမှာ​တော့ ဖွင့်လို့ ပိတ်လို့ရသည့် ပြူတင်း​ပေါက်အရှင်ရှိ၏။

လွိုင်လည်း ထိုပြူတင်း​ပေါက်​တွေကို လိုက်ပိတ်ရင်း ဘာရယ်မဟုတ် တိုက်​အောက်ဖက်ကို အကြည့်တို့​​ပို့လိုက်ပြီး​နောက် ဖြတ်ခနဲ မြင်လိုက်ရသည့် ​ငွေမှင်​ရောင်အရိပ်က​လေးတစ်ခု။ ပြူတင်း​ပေါက် ပိတ်ဖို့ကြိုးစား​နေသည့် မိမိလက်မှာ အလိုအ​လျှောက် ​အေးခဲရပ်တန့်သွားခဲ့သည်။

မျက်လုံး​ထောင့်မှ စက္ကန့်ပိုင်း​လောက်ပဲ ​တွေ့လိုက်ရသည်ဆိုပင်မဲ့ ဤသည်မှာ သျှားဖြစ်သည်ဆိုတာကို အချိန်အကြာကြီး သူ့နဲ့အတူတူ​နေခဲ့သည့် လွိုင်က ​မြေကြီးလက်ခတ်မလွဲ သိသည်။ ဒုတ်ခနဲ ခုန်သွားသည့် ရင်ခုန်သံနှင့်တကွ လစ်ခနဲမြင်လိုက်ရသည့် အရိပ်​လေးကို မတွန့်ဆုတ်ဘဲ ပြန်လိုက်ရှာမိသည်။

မ​မျှော်မှန်းထားသည့် မြင်ကွင်းတစ်ခု​ကြောင့် အံ့သြမှင်တက်မှုနှင့်အတူ မိမိမျက်ဝန်းတို့မှာ ပြူးကျယ်ဝိုင်းစက်သွား၏။ ထို့​နောက် မျက်ဆံနက်တို့မှာ မသိမသာ တုန်ရီလာ၏။ မြင်လိုက်ရသည့် မြင်ကွင်း​ကြောင့် ကိုယ့်မျက်လုံးတွေကို​တောင် ​ကိုယ့်လက်နဲ့ကိုယ် ဖောက်ထုတ်ပစ်ချင်ပါသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now