Chapter 27 | ပြတ်သားသင့်ပြီ

636 28 3
                                    

■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■

Unicode

Chapter 27 | ပြတ်သားသင့်ပြီ

" ......ကျွန်တော် ဘယ်လိုလုပ်ရမလဲ... သူ့အတွက်... ကျွန်တော့်အတွက်.... "

" နိုးရဲ့ ဆရာဝန်အနေနဲ့ဆို 'သူ့အတွက်' ဆိုတာကို ကိုယ်မဖြေတတ်ဘူး..... နိုးအတွက်ဆိုရင်တော့ ကိုယ်ပေးနိုင်တဲ့ အကောင်းဆုံးအကြံဉာဏ်က လွန်ခဲ့တဲ့ ၅နှစ်တုန်းက အဖြေနဲ့ အတူတူပဲ... "

".... ဆေးရုံ "

" ဟုတ်တယ် ဆေးရုံမှ ကုသခံဖို့ "

နိုးရဲ့ မရေရာမှုကို ခွန်နေ သေချာအောင် အတည်ပြုပေးလိုက်သည်။

သေချာပြန်တွေးကြည့်ရင် ဒီကလေး အချိန်တွေ အများကြီးဖြုန်းပစ်နေသည်။ သူ့ရဲ့ ရောဂါအခြေအနေကို အစောကြီးကြိုသိနေပင်မဲ့ သူလေးရဲ့ ခေါင်းမာမှုကြောင့် အရှင်းပျောက်အောင်မကုရ။ ပိုမဆိုးလာအောင် ထိန်းပဲထိန်းထားနိုင်ခဲ့သည်။ အခုတော့မဖြစ်တော့ပါ။ သူလေးကို ကြပ်ကြပ်မက်မက်ကုသရမည်။ သည့်ထပ် အချိန်ဆွဲနေရင် ရောဂါက ဘယ်တော့မှ အရှင်းပျောက်တော့မည်မဟုတ်ပါ။ ကြာလာရင် နောက်ဆက်တွဲ ရောဂါတွေ ဝင်လာမှာလဲ စိုးရိမ်လှပါသည်။

" ....အစ်ကိုတစ်ယောက်အနေနဲ့ ဆိုရင်ရော... "

ရောချလို့မရတဲ့ အရှေ့က မှင်သေသေရပ်နေတဲ့ ကောင်လေးကြောင့် ခွန်နေ စိတ်ရှုပ်နေသည့် ကြားမှ ပြုံးမိသည်။

" အစ်ကိုတစ်ယောက် အနေနဲ့ ဆိုရင်တော့..... "

သူ့မေးခွန်းကို အဖြေတိုက်ရိုက်ပြန်မပေးပဲ မေးခွန်းကောက် ပြောနေမိသည်။ နိုးက စိတ်မရှည်သည့်ပုံမပြ။ ကြည့်ရတာ အိပ်မပျော်တာနဲ့ပဲ ဒီည ဒီမှာအချိန်ဖြုန်းဖို့ စိတ်ကူးထားသည်ထင်သည်။ နောက်နေ့မှ နိုးကို အိပ်ဆေးပေးရမယ်လို့ ခွန်နေမှတ်လိုက်သည်။

" ကိုယ့်မှာ အကြံဉာဏ် နှစ်ခုရှိတယ်... တစ်ခုက မင်းကောင်လေးကို မင်းအကြောင်း ဖွင့်ပြော......? "

နိုးရဲ့ မျက်နှာ တစ်ခုလုံးဖြူဖျော့သွားသည်ကို လရောင် အကူအညီနဲ့ ခွန်နေရှင်းလင်းစွာ မြင်နေရပါသည်။ နိုး အမူအရာကြောင့် ခွန်နေ နောက်စကားကို ပြောသင့်မပြောသင့် ချိန်ဆနေမိသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now