Unicode
Chapter 29 | ပြဇာတ် ၂ (အနာဂတ်)
" ဘယ်သွားမလို့လဲ "
ဒါကတော့ စကားမပြောဖြစ်တဲ့ ၁ပတ်လောက်အကြာမှာ လွိုင့်ဘက်က စပြောမိတဲ့ အမေးစကားတစ်ခွန်း။
" .. အလုပ် "
သျှားက ရေချိုးဖို့ ပြင်ရင်း အိပ်ရာပေါ်မှာ အိပ်ချင်မူးတူးပုံနဲ့ ထထိုင်နေသည့် လွိုင့်ကို လှမ်းဖြေသည်။
" ...အလုပ်? "
" အင်း... အလုပ် "
ထို့နောက် ရေချိုးခန်းတံခါး ပိတ်သံကို လွိုင်ကြားလိုက်ရပါသည်။ သျှားမှာ ဘာအလုပ်ရှိနေလဲ ဆိုတာ လွိုင်မသိတာကြောင့် အမေးစကားမဟုတ်သော်လည်း မေးခွန်းထုတ်ပုံရသည့် လေသံနဲ့ မေးလိုက်ပင်မဲ့ သျှားပြန်မဖြေချင်တာသိသာလှပါသည်။ လွိုင် ခပ်လှောင်လှောင်ရယ်လိုက်မိပါသည်။
သျှားက ကိုယ့်ကို စိတ်တွေရှုပ်ထွေးလာအောင် တမင်များလုပ်ချင်နေသည်လား။ သူပြောတော့ သူ့မှာ အချိန်လိုအပ်သည်ဆို....အခုက...။ သျှားမှာ မနက်မိုးလင်းထဲက ဆရာဝန်ဆိုသည့် သူနဲ့ ထွက်သွားပြီး မိုးချုပ်မှ အဲ့ကောင်နဲ့ အိမ်ပြန်လာတာကို အလုပ်လို့ ခေါ်တယ်တဲ့လေ။ ရှုပ်ပွနေပြီးသား မိမိဆံပင်တွေကို လက်နှစ်ဖက်ဖြင့် ခြေမွလိုက်ပါသည်။ လွိုင့် အဖြစ်မှာ ချစ်သူက ကိုယ့်မျက်စိရှေ့တင် တစ်ခြားသူနဲ့ အချိန်ပြည့်ရှိနေသည်ကို မတားနိုင်..။
လွိုင် ကုတင်ပေါ်က ထလိုက်သည်။ ကုတင်ကျယ်ကြီးရဲ့ တစ်ဖက်ဆီမှာ ရှိနေတဲ့ ခေါင်းအုံးလေးကို လွိုင် အကြောင်းမဲ့ငေးနေမိသည်။ ဒီအတောအတွင်း လွိုင် သျှားကို အကြောင်းပြချက်မရှိဘဲ ရှောင်နေခဲ့သည်။
ကိုယ့်ချစ်သူက ကိုယ့်ကိုကျ စကားတစ်ခွန်းတောင်မပြောပဲ တစ်ခြားကောင်အနောက်ကိုကျ မိုးလင်းထဲက ကောက်ကောက်ပါအောင် လိုက်သွားသည့် မြင်ကွင်းကို မကြည့်နိုင်လို့ သျှားမနိုးခင် အရင်ထပြီး ခြေဦးတည့်ရာ လျှောက်သွားနေမိတတ်သည်။ ဒီနေ့တော့ အိပ်ရာထနောက်ကျသွားတဲ့ အပြင် လွိုင်ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ခမ်းလာတာနဲ့ပဲ လှမ်းမေးလိုက်မိသည်။ ပြန်ရလာတဲ့ အဖြေကတော့ အားတတ်ဖွယ်မရှိတဲ့ အပြင် လွိုင် စိတ်ကုန်သွားသည်က အမှန်။
VOUS LISEZ
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
Fiction généraleStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...