Chapter 30 | ပြဇာတ် ၃ (အဖြောင့်လေးရဲ့ နောက်ဆုံးနေ့)

586 20 14
                                    

A/N: ကိုယ် ၂၅ ရက်​နေ့ မအားလို့ ဒီ​နေ့ပဲ တင်​ပေးလိုက်တယ်​နော်

■■■■■■■■■■■■■■■■■

Unicode

Chapter 30 | ပြဇာတ် ၃ (အဖြောင့်လေးရဲ့ နောက်ဆုံးနေ့)

" ဟမ် ဘယ်လို? ငါတို့က ပြဇာတ်ဝင်ကရမယ်? "

လွိုင့်ရဲ့ အံ့ဩသံကြီးနောက် ခိုင်နှင်းနဲ့ မြတ်မင်းက ညီညီညာညာခေါင်းညိတ်ပြသည်။

" ဟုတ်တယ် ဇာတ်ဆောင်တွေက စောနကပဲ- "

ခိုင်နှင်း စကားမဆုံးသေးခင်မှာပဲ မျက်လုံးဝိုင်ကြီးနဲ့ နားထောင်နေတဲ့ ခွန်းမျက်နှာရှေ့ကို လွိုင့်လက်ကြီးရောက်လာသည်။ လွိုင်က မတွေးဘဲ လုပ်မိကြောင်းကို အားလုံးရဲ့အကြည့်က ကိုယ့်ဆီရောက်လာတော့မှ သတိရသည်။

" အာ.. ဒီ-ဒီမှာ ခွန်း မျက်နှာနားမှာ ခြင်ဝဲနေလို့... အကိုက်ခံရမှာဆိုးလို့ ခါပေးနေတာ.... ဟိုဟာမဖြစ်ရင် အခန်းထဲ ဝင်ပြောမလား မှောင်လာပြီဆိုတော့... "

လွိုင်က ထကာ ဂီတာကို လက်တစ်ဖက်နဲ့မရင်း ပြောသည်။ ကျန်တဲ့ သူတွေက (ခွန်းက လွဲလို့) ပြုံးစိစိလုပ်ရင်း အောက်ဆင်းသွားသည်။

" ကဲ ပြန်ပြောပါအုန်း "

" တိုက်တိုက်ဆိုင်ဆိုင်ကွာ... ခုနကပဲ အဓိကဇာတ်ဆောင်မင်းသားနဲ့ ဒုတိယဇာတ်လိုက်က ကိစ္စတွေပေါ်လာလို့ သူတို့ ပွဲနေ့ကြရင် လုပ်နိုင်မယ်မထင်ဘူးပြောတယ် "

" အဲ့တာနဲ့ပဲ ငါနဲ့ ခွန်းက ဝင်ကရမယ်တဲ့လား... နင်တို့ဟာကလဲ... "

" လုပ်ပါဟယ် နင်ကလဲ... အရမ်းမခက်ပါဘူး ပြီးတော့ နင်က မင်းသားနေရာကို သရုပ်ဆောင်ပြီး ခွန်းသစ်လေးက ဒုတိယဇာတ်လိုက်နေရာကဆို သီချင်းအတွက်လဲ စိတ်ပူစရာမလိုတော့ဘူးလေ... ဇာတ်ကွက်လေးပဲ နည်းနည်းပြောင်းလိုက်ရင်ရပြီ "

" တကယ် စားတာပဲ "

လွိုင် မကျေမနပ်ပြောမိသည်။ မိမိမှာ အဲ့လို ရှုပ်ရှုပ်ရှုက်ရှုက်လုပ်ရတာတွေ မကြိုက်။ ခိုင်နှင်းက မိမိကို ပြောမရတဲ့ အဆုံး မြတ်မင်းကို ကူပြောပေးရန် တံတောင်နဲ့တွတ်ပြီး အချက်ပြသည်။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now