Chapter 31 | ပြဇာတ် ၄ (ပဟေဠိ)

545 21 10
                                    

■■■■■■■■■■■■■■■■

Unicode

Chapter 31 | ပြဇာတ် ၄ (ပဟေဠိ)

လွိုင်နဲ့ လွိုင့်သူငယ်ချင်းတွေ အခုရောက်နေသည့် နေရာမှာ နာမည်ကြီး ဒီဇိုင်နာကေး၏ အလုပ်နေရာဖြစ်သည်။ တိတိကျကျပြောရရင် ကေးရဲ့ အထပ်ပေါင်းများစွာရှိသည့် အဝတ်ခန်းတွေ အများကြီးထဲကမှ client တစ်ယောက်အတွက်လုပ်ထားတဲ့ သီးသန့်ခန်းဖြစ်သည်။ သီးသန့်ခန်းဆိုသည့်အတိုင်း အဝတ်လဲခန်းမှာ ကန့်လန့်ကာကြီးဖြင့်သာ ကာထားသည်။ ကန့်လန့်ကာနောက်မှာ အခန်းသက်သက် ခွဲမထားပေ။

" ..... လွိုင် အရင် လဲနှင့် ကျွန်တော်အပြင်ထွက်နေလိုက်မယ် "

လွိုင်လည်း ခွန်းစကားကို လက်ခံလိုက်သည်။ မကြာဘူး လွိုင် အင်္ကျီချွတ်မယ်ကြံနေတုန်း ခွန်းသစ်က မျက်နှာ ငယ်လေးနဲ့ အခန်းထဲပြန်ဝင်လာသည်။

" ဘာဖြစ်လို့လဲ? "

" အစ်ကိုကေးက မြန်မြန်လဲခိုင်းနေတယ်... နှစ်ယောက်... အတူတူ... မြန်မြန်လဲ ခိုင်းနေတယ်... "

ခွန်းသစ်က ရှက်နေရက်နဲ့ပင် မသက်မသာပြောလာသည်။ အစက လွိုင်သည် သျှားမဟုတ်သည့် တစ်ခြားသူရှေ့မှာ အဝတ်မလဲဖူးတာကြောင့် နည်းနည်းတစ်မျိုးဖြစ်မိသေးသည်။ သို့ပင်မဲ့ မိမိထက် အရှက်ကြီးကာ နားရွက်တွေ နီရဲနေသည့် ကောင်လေးကို မြင်တော့ လွိုင် စချင် နောက်ချင်စိတ်များပေါက်ဖွားလာခဲ့သည်။ မိမိကို ခိုးခိုးကြည့်နေသည့် ခွန်းကို မမြင်သလိုပြုကာ လွိုင် မျက်နှာ ပြောင်ပြောင်နဲ့ပဲ...

" အော် ဟုတ်လား... ဒါဆိုလဲ... "

ပြောရင်းနဲ့ အင်္ကျီကို ဆွဲလှန်တင်လိုက်ပြီး မိမိဝမ်းဗိုက်ကြွက်သားတွေကို လှစ်ဟာပြလိုက်တော့ ကောင်လေးမှာ ပြာသလဲလဲဖြစ်သွားပြီး သူ့လက်သေးသေးလေးနဲ့ သူ့မျက်လုံးများကို အုပ်သွားသည်။

" .... လွိုင်! "

လွိုင် အင်္ကျီကို ပြန်ဆွဲချလိုက်ကာ တိတ်တိတ်လေးနေလိုက်သည်။ မိမိဆီက ဘာသံမှ မကြားတော့ ကောင်လေးက သူ့လက်ချောင်းတွေ ကြားမှ ခိုးကြည့်လာသည်။ ထို့နောက် ပြုံးလျက် သူ့အားကြည့်နေသော လွိုင့်ကို တွေ့တော့ သူလေးက အစခံနေရမှန်းသဘောပေါက်သွားပြီး အရှက်ပိုသည်းသွားပါ၏။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ