Chapter 34 | မမုန်းနိုင်ပါ

981 29 53
                                    

■■■■■■■■■■■■■■

Unicode

Chapter 34 | မမုန်းနိုင်ပါ

" Ti Ti Ti "

သျှားကို လိုက်ရှာနေရင်းမှ ဝင်လာတဲ့ အဝင်callလေး။ လွိုင် ဖုန်းကို ဖွင့်ကြည့်လိုက်တော့ unknown number။

" Hello? "

"..... အံ့မင်း "

တစ်ဖက်မှ ရင်းနှီးတာထပ်ပိုတဲ့ အသံအက်အက်လေးတစ်ခု။ သျှား...။

" .. ငါတို့ တွေ့ရအောင်လား "

" ....... "

အဆုံးသတ်သွားတဲ့ ဖုန်းcall လေးနောက် လွိုင် အဝတ်ကို ကပြာကယာလဲပြီး ကားတစ်စီးနဲ့ သျှားရှိရာကို မောင်းနှင်ခဲ့သည်။ ကမ်းခြေ။ လွိုင်တို့ စတွေ့ခဲ့တဲ့ ကမ်းခြေ။ သျှားကို တွေ့ရင် အရင်က သျှားမိမိကို ထားခဲ့မှာ စိုးရိမ်လို့ မမေးခဲ့ရတဲ့ မေးခွန်းတွေမေးရမည်။ ရှုပ်ပွနေတဲ့ အတွေးနဲ့အတူ သျှားကို သောင်ပြင်ထပ်ဝယ်လိုက်ရှာမိသည်။ ကြားရက်မဟုတ်တာကြောင့် သောင်ပြင်မှာ လူသိပ်မရှိ။ ဒါကြောင့် ကပ်လျက်ရပ်နေသော သျှားတို့မှာ ထင်းခနဲ ရှိနေသည်။ ရွှေရောင် နေရောင်ခြည်တွေက သျှားရဲ့ ငွေမှင်ရောင်ဆံနွယ်တွေပေါ်မှာ ဆော့ကစားနေကြသည်။ ပြီးတော့ သျှားဘေးက သူရဲ့ အနက်ရောင်ဆံနွယ်တွေမှာတော့ နက်မှောင်လျက်ရှိသည်။

နီးကပ်လာတဲ့အမျှ ထင်ရှားလာသည့် ပုံရိပ်နှစ်ခု။ အရွယ်ငယ်တဲ့ ပုံရိပ်လေးမှာ အနက်ရောက်ပုံရိပ်ရှင်ရဲ့ ရင်ခွင်ထဲမှာ ရှိနေသည်။ လွှားတင်ထားတဲ့ အပေါ်ထပ်အနွေးထည်လေးနဲ့ သူ့အောက်မှာ ရှိနေတဲ့ ပွယောင်းယောင်း အင်္ကျီတွေ။ ဒီလောက်ဆို လွိုင်သိလိုက်ပါပြီ။ တကယ်ဆို... တစ်ချို့မေးခွန်းတွေမှာ မမေးခင်ကထဲက အဖြေရှိပြီးသားမလား။

အမြဲတမ်း ရဲတင်းနေသည့် သျှားမျက်ဝန်းတွေမှာ လွိုင်မဟုတ်တဲ့ တစ်ခြားသူကို ကြည့်နေချိန်ဆို ဖျော့တော့လွန်းပါသည်။ အရာရာကို အရှုံးပေးလိုက်ပြီး တစ်ပါးသူကို အပြည့်အဝမှီခိုထားသည့် အကြည့်တွေမျိူး။ လွိုင့်ကို တစ်ခါမှ မကြည့်ဖူးသည့် အကြည့်မျိုး...။ သျှားမျက်နှာလေးမှာ အရင်ကထပ် အများကြီး ပြေလျော့နေသည်။ မျက်ဝန်းတွေနဲ့ မျက်ခုံးတွေကြားက တင်းမာမှုကိုလဲ လွိုင်မတွေ့ရပါ။ သိပ်ကို... ပေါ့ပါးနေသည့်ပုံမျိုး။ သျှားသည် မိမိမဟုတ်သည့် သူများရင်ခွင်ထဲ၌ ပို၍ အေးအေးချမ်းချမ်းရှိနေသည်တဲ့လေ။ အမှန်ဆို... သျှား ဘာလို့ ဒီကို လွိုင့်အား ခေါ်တာလဲဆိုတာကို လွိုင် သဘောပေါက်သင့်ပြီ...။

ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔Where stories live. Discover now