■■■■■■■■■■■■■■■■
Unicode
Final Chapter (ဇာတ်သိမ်းပိုင်း)
Chapter 35 | သိပ်ချစ်ခဲ့လို့...
" မြန်မြန်လာ... ကားထွက်တော့မယ် "
ခိုင်နှင်းရဲ့ ခပ်ဆူးဆူးအော်သံနဲ့အတူ မြတ်မင်းနောင်တို့အထုပ်တွေကို ကားပေါ်ဝိုင်းတင်ပေးလိုက်သည်။
မြတ်မင်းနောင်မှာ မေးခွန်းတစ်ခုရှိပါသည်။ မိမိ ဘေးက ဘာအလုပ်မှ ဝိုင်းမလုပ်ပေးပဲ နေကာမျက်မှန်တစ်လက်နဲ့ လျှပ်စစ်ပန်ကာ အသေးစားလေးတစ်ခုနဲ့ စတိုင်ထုတ်ကာ ရပ်နေသည့် အဲ့ဒီ့မျက်စိကျိန်းလောက်သည့် ဆံပင်နီကြောင်ကြောင်နဲ့ တစ်ယောက်က ဘာလိုက်လုပ်တာတုန်း?!! စဉ်းစားကြည့်ရရင် အဲ့ ငကြောင်က မြတ်မင်းနောင်တို့ရဲ့ ပြဇာတ်အဖွဲ့ဝင်လဲမဟုတ်။ အင်္ကျီအပ်တဲ့ ဒီဇိုင်နာပဲဟာ ဒီထိ လိုက်ဖို့လိုလို့လား။
ပန်ကာဒလက်လည်သံ တစ်ဖတ်ဖတ်နဲ့ အဲ့ အရူးက မြတ်မင်းကိုပဲ စားမလိုဝါးမလို လိုက်ကြည့်နေမှာ ဘေးက လူတွေတောင် ကြက်သီးထလာပါပြီ။
" ပစ္စည်းတွေ အကုန်တင်ပြီးပြီလား "
အဖွဲ့ခေါင်းဆောင် ဖြစ်သူ ခိုင်နှင်းကပဲ ဒီခရီးကို ဦးဆောင်သည်။ ပြဇာတ်အဖွဲ့က လူများတာမလို့ ကားနှစ်စီးငှားပြီးသွားကြသည်။ လွိုင်တို့ အဖွဲ့ကတော့ ပထမကားပေါ်ပဲ တက်သွားလိုက်သည်။
" ကျနော် ဒီမှာထိုင်လို့ရလား "
ဦးထုပ်အနီလေးနဲ့ ခွန်းက လွိုင့် ဘေးက ခုန်အလွတ်ကို ကြည့်ရင်းမေးလာသည်။ လွိုင် မစဉ်းစားပဲ လက်ခံလိုက်ပါသည်။ ပြောသာပြောတာ လွိုင်တို့ ဒီ ၂လအတွင်းမှာ နဂိုကထပ် ပိုရင်းနှီးလာကြသည်။ ၂ယောက်စလုံး စာမေးပွဲတွေ assignment တွေနဲ့ အလုပ်ရှုပ်နေတဲ့ကြားထဲမှ အဆက်အသွယ်မပျက်ခဲ့ပါ။ ခွန်းကလည်း senior ဖြစ်တဲ့ မိမိကို သူမရတဲ့ တစ်ချို့ ဘာသာတွေကို ကြိုကြားကြိုကြား ရှင်းပြခိုင်းတာလဲ ပါမည်။ ဒါ့အပြင် ခွန်းက မကြာခဏဆိုသလို သူ လွိုင့်ကို သဘောကျကြောင်း မသိမသာရော သိသိသာသာရော ထုတ်ပြောလေ့ရှိတာကြောင့် လွိုင် ထူးထူးခြားခြား လွိုင်စိတ်သက်သာရာရသည်။ ကိုယ့်အတွက် သူရှိနေပေးပါလား ဆိုတဲ့ အသိနဲ့ အသည်းတောင် အများကြီး မကွဲဖြစ်လိုက်ရသလိုလို...။
YOU ARE READING
ဆန္ဒရှိမယ်ဆိုရင်တောင် | #1 ✔
General FictionStatus: COMPLETED. Genres: BL/ Drama/ Romance Tag: LoveTriangle/ Psychological/ Angst Location takes place: Human world Time: Current Targeted audience: New Adult Update Schedule: Mon, Wed and Sat IF the series #1 Even If we Wish for Own Creation...