Part 24-ဝန်ခံဖို့အရမ်းခက်ခဲနေတာလား?!။

4.4K 708 27
                                    

Unicode

ထွက်သွားတဲ့ မိုချန်တုံးရဲ့ကားကို အီရန်ကလက်ပြနှုတ်ဆက်လိုက်တယ်။ကားက သူ့မြင်ကွင်းထဲကနေ လုံးဝပျောက်သွားတဲ့အခါမှာ အီရန်ကသက်ပြင်းရှည်တစ်ချက်ချတော့ ဟန်နရီက ရယ်တယ်။ကျိန်းသေပေါက် အီရန်က ရယ်သံကိုကြားပြီး မျက်မှောင်ကြုတ်ကာ ထိုယောကျာ်းကိုကြည့်လိုက်တယ်။ဟန်နရီက အိုမီဂါက ဘာလို့သူ့ကိုလာကြည့်တာလဲလို့မေးသရောင် မျက်ခုံးတစ်ဖက်ပြန်ပင့်ပြတော့ အီရန်က လက်နှစ်ဖက်ကိုပိုက်တယ်။

"ဦးနှောက်နဲ့အာရုံကြောပါရဂူနဲ့ နိခိတကဗေဒပညာရှင်ပေါ့ ဟမ့်?!။" ပြောင်ပြောင်ယောင်ယောင် ဖြီးလိမ်းပြင်ဆင်ထားတဲ့ အမျိုးသားကို အီရန်က အကဲခတ်ကြည့်လိုက်တယ်။ဟန်နရီလို ပါရဂူဘွဲ့ရပြီးသား လူတစ်ယောက်က ဘာလို့အိမ်တော်ထိန်းအလုပ်ကို လက်ခံရတာလဲလို့ စဉ်းစားမိနေတာ။

"ဟုတ်တယ်..မင်းကတော့ ထွက်ပြေးလာတဲ့ ဟန်လုရဲ့သတို့သား ဖြစ်မယ်ထင်တယ်?!။" ဟန်နရီက ခွန်းတုံ့ပြန်တယ်။ဟန်နရီက မိုလောင်ထရန်းနဲ့ အသက်တူတူပဲ။အလုပ်နဲ့စာနဲ့ ကတ်သီးကတ်သတ် ကြံဖန်လုပ်ပြီး သူနဲ့ရွယ်တူနီးပါးဖြစ်တဲ့ လောင်ထရန်းနဲ့ဟန်လုကို အဖော်ပြုပေးခဲ့ရတယ်။သူတို့နဲ့မတွေ့တာ၁၃နှစ်လောက်ရှိပြီဆိုပေမဲ့ သူက လောင်ထရန်းနဲ့ဟန်လုရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လို့ ပြောလို့ရတယ်။UKမှာ ကျောင်းစာတွေနဲ့ရှုပ်နေပြီး ဒီနိုင်ငံကို ပြန်လာလည်ဖို့ အခွင့်အရေးမရှိခဲ့လို့သာ။

ပြီးတော့ ဘွဲ့ရပြီးတဲ့အခါ ဦးနှောက်နဲ့အာရုံကြောပညာရှင်နဲ့ နိခိတကဗေဒပညာရှင်အဖြစ် ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်။သူ့အလုပ်ကတော့ အိုမီဂါဟော်မုန်းတွေကိုလေ့လာပြီး အဲ့ဒီ့သဘာဝကို နားလည်သဘောပေါက်ဖို့ပဲ။ပြီးတော့ အိုမီဂါတွေ သူတို့ရဲ့ဟော်မုန်းကို ပိုထိန်းချုပ်နိုင်ဖို့အတွက် ဆေးဝါးဖော်စပ်ရတယ်။အခုရှိနေတဲ့ ထိန်းချုပ်ဆေးတွေထက် ပိုအစွမ်းထက်တဲ့ ဟာမျိုးပေါ့။

ဒီအလုပ်ကိုကမ်းလှမ်းခံရတဲ့အခါ ဟန်နရီက အိုမီဂါတစ်ယောက်က အယ်လ်ဖာနဲ့အိုမီဂါကြားက အနှောင့်အဖွဲ့ကို ခုခံဖို့ကြိုးစားတာကို လေ့လာဖို့အခွင့်အရေး တစ်ခုရတယ်လို့ သတ်မှတ်ခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီနိုင်ငံကို အပန်းဖြေခရီးထွက်လာ ၃ရက်ရှိနေပြီး အိမ်တော်ထိန်းနဲ့ဆရာဝန်အဖြစ်ကမ်းလှမ်းခံရတော့ အခု အလုပ်ခရီးပါဖြစ်သွားတာပေါ့။ဟန်နရီက အိမ်တော်ထိန်းလုပ်ဖူးတယ်ဆိုတော့ သူ့အတွက် ခက်ခဲတဲ့ တာဝန်တော့မဟုတ်ပါဘူး။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Hikayelerin yaşadığı yer. Şimdi keşfedin