Part - 2

4.8K 463 43
                                    

Unicode -----

Bad Guy's Boyfriend { 2 }
.
.
.
.
.
.
.

ပြင်သစ်နိုင်ငံ ပဲရစ်မြို့......

အဂျီပြင်သစ်ကိုရောက်နေတာတစ်ပတ်ကျော်သွားပြီဖစ်သည်

ဝါသနာပါတဲ့ fashion ကို Paris fashion school မှာလေ့လာသင်ယူနေရင်းသူငယ်ချင်းအသစ်တွေလဲတိုးပါသည်

တော်တော်များများကတော့ အဂျီကို အာရှသားလေးလို့ ဘယ်သူမှမထင်ကြပါ

အဂျီ့ရဲ့ အဂ်လိပ်လိုရော ပြင်သစ်လိုရော ဘာသာစကားကျွမ်းကျင်ပြောဆိုနိုင်ရုံသာမက ရွှေရောင်ဆံပင်နဲ့မီးခိုးရောင်မျက်၀န်းတွေကြောင့်ပါ အဂျီက အာရှသားဆိုတာကို ဒီကသူတွေမယုံကြပါ

ဒါပေမယ့် ဘယ်သူတွေဘာပြောပြော ဘယ်လိုပဲထင်ထင် အဂျီက အာရှသားကအာရှသားစစ်စစ်ပါပဲ...

ဒီနေ့တော့ အဂျီတစ်ယောက်ထဲ Seine မြစ်ဘေးမှာလမ်းလျှောက်ရင်း ဟိုဘက်ကမ်းက
ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ effeil tower ကြီးကိုကြည့်ကာဓာတ်ပုံတွေရိုက်နေမိသည်

" Bonjour "
( မဂ်လာပါ )

လမ်းလျောက်ရင်းအပြုံးလေးတွေနဲ့ အဂျီ့ကိုနှုတ်ဆက်သွားကြတဲ့ ပြင်သစ်သူချောချောလေးတွေကို အဂျီလဲပြန်လည်နှုတ်ဆက်ရင်း
ဆက်လျှောက်လာမိသည်

ကျောပိုးအိတ်တစ်လုံးရယ် လက်စွဲတော် camera လေးရယ်နဲ့ တစ်ယောက်ထဲလမ်းလျှောက်ရင်းပဲ Paris ရဲ့ညနေခင်းအလှကိုခံစားနေမိသည်

မြစ်ထဲကိုကြည့်လိုက်တော့ cruise ( အပျော်စီး‌သဘော် ) တွေကစုန်ချီဆန်ချီသွားလာနေကြသလို ထို cruise ပေါ်မှာလဲ ကမ္ဘာလှည့်ခရီးသွားတွေအပြည့်...
တစ်ချို့ cruise တွေဆိုစားသောက်ဆိုင်ရော ဖျော်ဖြေပေးတဲ့ အတီးအမှုတ်ဝိုင်းတွေပါ ပါသည်

လမ်းလျှောက်ရင်းရှုခင်လှလှတွေကြောင့်ရော
မြင်ကွင်းလှလှတွေကြောင့်ပါ camera နဲ့
တဖျက်ဖျက်လိုက်ရိုက်နေမိတာ မမောနိုင်ပါ

မှောင်တော့မှာဖစ်တာကြောင့် ပဲရစ်မြို့တစ်ခုလုံး နီယွန်မီးတွေနဲ့အတူနေ့အလားထင်မှတ်ရလောက်အောင် တစ်မြို့လုံးလင်းထိန်လို့နေပြီ

Bad Guy's Boyfriend ( U+Z ) [ Complete ]Место, где живут истории. Откройте их для себя