part 24

122 10 0
                                    

အေးချမ်းနေတဲ့လေလေးကအနားကနေဖြတ်တိုက်ပြီး
သူရဲ့ဆံနွယ်တစ်ချို့ကိုဘေးသို့ဝဲကျစေသည်
လရောင်အောက်ကနေတစ်ဖြည်းဖြည်းပေါ်
လာတဲ့သူရဲ့အပြုံးက အေးခဲနေပေမဲ့ဆွဲဆောင်မှုရှိနေပြန်သည်

"အချိန်ကြပြီ"
တီးတိုးရေရွတ်ကာအပြုံးကိုမျက်နှာထက်၌ပေါ်ပေါက်စေပြီး
ရုတ်တစ်ရပ် သူ့အသွင်ပြောင်းသွားလေသည်

"ကလေးထတော့ ပွဲတော်သွားကြည့်မယ်"
ပွဲတော်အသံကြောင့်နှစ်ခါတောင်မနိုးလိုက်ရ
"အာ..ဟုတ်သားပဲ မေ့နေတာ "
ရိပေါ် ချစ်ရသူရဲ့ပါးလေးကိုဆွဲရင်း
ထတော့မျက်နှာသစ် သွားမယ်

အောက်ထပ်ရောက်တော့
အကိုတော်နဲ့ကျန်းချန်ကရောက်နေလေသည်

"အဆင်ပြေရဲ့လား"
ရိပေါ်လက်ကနေပြေးရင်း
ကျန်းချန်အနားပြေးကာပြောလေသည်
ထိုအမူအရာကြောင့် ရိပေါ်မျက်နှာပျက်သွားသည်

"မပြေဘူး မင်းတို့ကြောင့်"
"ဟား...မင်းကလည်း"

"အချိန်မရှိတော့ဘူး သွားရအောင်"
ရိပေါ်ကအနားသို့ရောက်လာက
ရှောင်ကျန် ၏လက်ကိုဆွဲလိုက်လေသည်

"အင်း...အကိုတော်တိုရေကမ်းဘက်သွားတော့မယ်"
"ဂရုစိုက်ပါအကိုတော် ညဘက်သည်မှာပြန်စုံမယ်'

ကျန်းချန် နဲ့ရှီးချန်တို့သွားတာကိုကြည့်နေပြီး
သူတို့တာဝန်ကိုဆက်လက်လုပ်ဆောင်ရန်စတင်လိုက်တော့သည်

"သွားရအောင်လေ"
"ဟုတ်ကိုကို "

လမ်းသွားလမ်းလာများနဲ့ပြည့်နေပြီ
မီးရောင်စုံများကအိမ်တိုင်းနေရာတိုင်းပြည့်နေလေသည်

"ဘေးဖယ်ဘေးဖယ်"
ဒုန်းစီးလာတဲ့မြင်းကြောင့်လူအများစုကဘေးကိုဖယ်ကာ
လမ်းရှောင်ပေးကြပေမဲ့
လူတစ်ဦးကြောင့်
ရိပေါ်တို့လန့်သွားလေသည်

"ကိုကိုဟိုမှာ "
ရှောင်ကျန် စကားမဆုံးခင် မှာပဲရိပေါ်မြင်းရှေ့ကအဖိုးအိုတစ်ဦးကို
ပြေးကယ်လိုက်သည်

"တော်ပါသေးတယ်ကိုကိုရှိနေလို့"
သက်ပြင်းချကာ ထိုနေရာသို့အပြေးသွားလိုက်သည်

"ကိုကိုဘာဖြစ်သွားသေးလည်း"
နေရာအစုံလိုက်စစ်ဆေးပြီးမှ
"ဘာမှမဖြစ်ဘူး စိတ်မပူနဲ့"

You've reached the end of published parts.

⏰ Last updated: Apr 06, 2022 ⏰

Add this story to your Library to get notified about new parts!

The Searching Of My Love GodWhere stories live. Discover now