Ch 20

5.2K 543 57
                                    

မိုဂျွန်းတစ်ယောက် ခေါင်းထဲတွင်မူးနောက်ကာ တစ်ကိုယ်လုံးလဲနာကျင်ကိုက်ခဲနေလျက် နိုးလာခဲ့သည်။နိုးနိုးချင်း သူမ သတိရသွားသည်က ဆန်းဝူ။ကုတင်ပေါ်သို့တစ်ချက်ကြည့်ကြည့်ရာ သူမဘေးတွင် သူမ၏ခါးကိုဖက်ကာအိပ်ပျော်နေသောသူ့ကိုတွေ့လိုက်ရသည်။သူမတစ်ကိုယ်လုံးအဝတ်အစားမရှိတော့၍ ပိုးသားစောင်စကို ရင်ဘတ်အထိခြုံထားရသည်။ဆန်းဝူကတော့ အပေါ်ပိုင်းသာအဝတ်အစားမရှိခြင်းပင်။

သူမ၏ကိုယ်လုံးကိုပြန်ငုံ့ကြည့်ရာ တစ်ကိုယ်လုံးတွင် markingရာများဖြင့်ရဲတွတ်နေပြီး အချို့နေရာများဆိုလျှင် ခရမ်းရောင်ပင်ပြောင်းနေပြီ။ဒါ့အပြင် သူမ၏လက်ကောက်ဝတ်တွင်လဲ နီရဲပွန်းပဲ့ရာတွေရှိနေပြန်သည်။ခါးပတ်ဖြင့်စည်းနှောင်ခံရသောကြောင့်ဒဏ်ဖြစ်သွားခြင်းပင်ဖြစ်မည်။မည်သည့်အချိန်ရှိပြီလဲ သိချင်၍ အခန်းခြေရင်းရှိနာရီစင်ကြီးဆီလှမ်းကြည့်ရာ အချိန်ကား မနက်၄နာရီ။

ဆန်းဝူ၏"တစ်ခါတည်းပါ..."ဆိုသောစကားသည် ညနေ၆နာရီမှစကာ သူမ မမေ့မြောသွားခင်အထိကြာလေသည်။သူမလဲ စောင်ကို ကိုယ်တွင်ပတ်လျက် အားတင်းပြီးကုတင်ပေါ်မှထလိုက်သည်။တစ်ကိုယ်လုံးကိုက်ခဲနေပြီးအောက်ပိုင်းဆီမှမဖော်ပြနိုင်သောနာကျင်မှုကြောင့် လမ်းလျှောက်ရသည်မှာအဆင်မပြေပေ။သို့သော် သူမသည် အခန်းကျယ်ထဲရှိ ဗီရိုဆီသွားကာ ဆန်းဝူ၏ ရှပ်အင်္ကျီအကြီးတစ်ထည်နှင့် ဘောင်းဘီကိုယူဝတ်လိုက်သည်။ခါးနေရာတွင်ကြီးနေသော်လဲ သားရေရှုံ့ကြိုးနဲ့မို့ သေချာစည်းနှောင်ကာဝတ်ဆင်လိုက်သည်။

ပြီးသောအခါ ချက်ချင်းထွက်သွားရန်ပြင်လိုက်သော်လဲ ကုတင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ဆန်းဝူဆီအကြည့်ရောက်ကာ မျက်ရည်များ ကျဆင်းလာသည်။ကုတင်နားကပ်ကာ အိပ်ပျော်နေသောဆန်းဝူ၏မျက်နှာလေးကိုအသာကိုင်ရင်း

"ဆန်းဝူ...ငါလေ နင့်ကိုမချစ်သင့်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်တားမြစ်နေခဲ့ပေမဲ့ နောက်ဆုံးတော့လဲ နင့်ကိုချစ်မိသွားတာပဲ၊ နင့်ကိုအရမ်းမုန်းတာပဲဟာ ငါ့ကိုမှ...ငါ့ကိုမှ နင်လုပ်ရက်တယ်၊ ဘယ်လိုပဲအသိလွတ်နေတယ်ပြောပြော နင့်ဆန္ဒမပါရင်မဖြစ်နိုင်တာကြီးလေ..၊ "

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Место, где живут истории. Откройте их для себя