String

820 100 1
                                    

++Unicode++

"ကိုကို့မိဘတွေက အဲ့လိုပဲပြောလား"

နှစ်ယောက်အိပ်ကုတင်ကျယ်ရဲ့ တဖက်တွင် သူ့ကိုကျောပေးထိုင်နေသည့် ကိုကိုတစ်ယောက် တိတ်ဆိပ်စွာ။

လက်သည်းထိတ်လေးများကို တစ်ဖဲ့ဖဲ့ဆိတ်ရင်း ကျွန်တော်ကိုယ်တိုင်လည်း နံရံတွင်ချိတ်ဆွဲထားသော မင်္ဂလာဓါတ်ပုံကိုကြည့်၍ လက်ဖျားတွေအေးစက်လို့နေသည်။

"ကွာရှင်းရအောင်၊ ကျွန်တော်တို့ ကွာရှင်းရအောင်"

ကိုကို့ရဲ့ သက်ပြင်းချသံတိုးတိုးက ကျွန်တော့်နားစည်အတွင်း ကျယ်လောင်စွာ ရိုက်ခတ်လာသည်။

"ကိုကိုအရမ်းပင်ပမ်းနေပြီဆိုတာ ကျွန်တော်သိပါတယ်။"

ငြိမ်နေသည့် ကိုကို့ထံ နောက်လှည့်ကြည့်တော့ ကိုကိုက ခေါင်းကိုငိုက်စိုက်ချကာ နေရာတွင် တုပ်တုပ်မျှမလှုပ်။

မင်္ဂလာစုံတွဲဓါတ်ပုံကို ငေးစိုက်ကြည့်ရင်းသာ ကျွန်တော်စကားဆက်ဆိုမိသည်။

"အစကတည်းက မဖြစ်နိုင်တဲ့အိမ်ထောင်တစ်ခုကို အရဲစွန့်တည်ထောင်ခဲ့ကြတာပဲ။
ကိုကိုရဲ့မိသားစုအသိုင်းအဝိုင်းကြား၊ ကိုကို့ပတ်ဝန်းကျင်က အပေါင်းအသင်းမိတ်ဆွေတွေရဲ့ ကဲ့ရဲ့ရှုံ့ချတဲ့စကား၊အခုအဆင်မပြေ‌တော့တဲ့ ကျွန်တော်တို့ အိမ်ထောင်ရေးငွေကြေးပြဿနာ ။ဒါတွေအားလုံးကို ကျွန်တော့်ကြောင့်နဲ့ ကိုကိုတစ်ယောက်ထဲ ပင်ပမ်းမခံပါနဲ့တော့ ။အခုအားလုံး အဆုံးသတ်ချိန်လို့ သတ်မှတ်ရအောင်။"

ဟုတ်ပါသည်။ကျွန်တော်တို့ နှစ်ယောက် ချစ်ခြင်းမေတ္တာကို အရင်းခံ၍ နှစ်ကိုယ်တူ သာယာတဲ့အိမ်ထောင်ရေး ဖြစ်ဖို့ အားလုံးနဲ့ရင်ဆိုင်ပြီး ထူထောင်ခဲ့ကြဖူးသည်။အစပထမမှာ ကိုကိုရော ကျွန်တော်ပါ အချစ်တွေပြည့်နှက်ခဲ့သည့်နှလုံးသားနှစ်ခုဟာ အရာရာကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာ ကျော်ဖြတ်ခဲ့ကြဖူးသည်။ယခု အိမ်ထောင်သက် ၃နှစ်ကျော်တွင် အဘက်ဘက်က အဆင်မပြေမှု အိမ်ထောင်ရေးသဘာဝလှိုင်းအမျိုးမျိုးက ရိုက်ခတ်လာတော့သည်။

ကိုကို့မိဘတွေက ယောကျာ်းလေးနှစ်ဦး၏ချစ်ခြင်းမေတ္တာကို ရှက်စရာတစ်ခုလို မြင်ခဲ့ကြပြီး မည်သို့မျှသဘောတူလက်ခံခြင်းမရှိခဲ့။အရာအားလုံးပြည့်စုံသည့် ကိုကို့မိဘတွေက ထိုအချက်တစ်ခုတည်းနဲ့ ကိုကို့ကို သားအဖြစ်မှဓနပြတ် စွန့်လွတ်လိုက်ကြပြီးမှ ယခုတွင် ကိုကို့ကို ‌အချော့သတ်ပြန်လည်ခေါ်ယူနေကြပြီ။

 𝚃𝚑𝚎 𝚄𝚗𝚜𝚎𝚎𝚗 𝚂𝚝𝚛𝚒𝚗𝚐 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝚄𝚜Where stories live. Discover now