(Tiami and the mysterious magician)

3 1 0
                                    

.....Oh my beloved Goddess Tiami.....

Tiami....
ငါ သိပ်ချစ်တဲ့ မိန်းမ...
အင်းသူက လူတွေအမြင်မှာ
မိန်းမကောင်းတော့မဟုတ်ဘူးရယ်...

ဒါပေမဲ့
ငါ့အတွက်ကတော့ Aphrodite မယှဉ်နိုင်တဲ့
ငါ့အချစ်နတ်ဘုရားမ ပဲ...

သူ့အလုပ်ကတော့
အင်း သူ ယောင်္ကျားတွေနဲ့အိပ်ရတယ်
ဒီ Gagina မြို့ရဲ့
ကြေးအကြီးဆုံး အပျော်မယ်တစ်ယောက်ပေါ့...
ကချေသည်တစ်ယောက်ဆိုလည်းဟုတ်တယ်
လှပလွန်းတဲ့ ခန္ဓာကိုယ်အသားပေး
ကကြိုးကကွက်တွေဟာ
မြင်မြင်သမျှ ယောင်္ကျား မိန်းမခပ်သိမ်းကို
ညှို့ယူပျော်၀င်စေနိုင်တာပဲ....

သူ့အသံလေးကရော
သူ့အသံက ပင်လယ်သမုဒ္ဒရာထဲ လူတွေကို
ဆွဲနစ်နစ်မြုပ်စေလို့ သင်္ဘောတွေပျက်အောင်
ညှိ့ယူဖမ်းစားတတ်တဲ့ Sirenတွေလို....
အံ့ဩစရာကောင်းလောက်အောင်
ညှို့ယူနိုင်စွမ်းရှိတဲ့အသံပေါ့.....

တွန့်ခွေခွေ ဆံနွယ်နက်တွေဟာ
ဂရိဒဏ္ဍာရီတွေထဲက
Medusa နတ်ဘုရားမအလား.....

ခပ်ဖျော့ဖျော့ အသားအရည်ဟာ
နီဆွေးလှတဲ့ ကန္တာရ သွေးနှင်းဆီတွေလို
နှုတ်ခမ်းအစုံနဲ့ သိပ် ပနံရပါပေတယ်....

သစ်ခွနက်တွေလို ခရမ်းနက်နက် မျက်ဆံတစ်စုံဟာ
Tiamiရဲ့ ဆွဲဆောင်မှုအရှိဆုံးအပိုင်းပေါ့...

အချိုးအစားကျလွန်းတဲ့ ခန္ဓာကိုယ်ဟာ
စည်းချက်နဲ့ လိုက်ကတိုင်း
ခြူသံတစ်ချွင်ချွင်နဲ့ လှုပ်လီလှုပ်လဲ့ရယ်....

သက်ရှိနတ်ဘုရားမတစ်ပါးလို
သိပ်လှတဲ့ Tiamiဟာ
ဒီ Giganiမြို့ရဲ့ ထူးခြားတဲ့ ရှားပါးတဲ့
အလှရတနာတစ်ပါးပါပဲ...

ပြည်ပျက်အောင် လှရက်လွန်းတော့
Tiamiဟာ ကချေသည်ဘ၀ကနေ
သူဌေးတွေနဲ့ မင်းမျိုးနွယ်တွေ အပြိုင်
လေလံတင်ရတဲ့
ကြေးအမြင့်ဆုံး အပျော်မယ် ဖြစ်လာရတာပေါ့...

ဒီ အလှနတ်ဘုရားမဟာ
ငါ့ရဲ့ မြတ်နိုးရသော သစ်ခွနက်ကလေးပေါ့...

Sultanဘုရင်တွေ အုပ်စိုးတဲ့
သဲကန္တာရတစ်ခွင်မှာ
ငါဟာ "အမည်မဲ့သူခိုး" ရယ်လို့ ထင်ရှားလေရဲ့
ဒါမှမဟုတ်
"လျှို့ဝှက်သောသေမင်းတောင်ကြားမှ
မှော်ပညာရှင်"ပေါ့

You've reached the end of published parts.

⏰ Last updated: Mar 29, 2022 ⏰

Add this story to your Library to get notified about new parts!

Oh my beloved goddess TiamiWhere stories live. Discover now