Ch 21

4.8K 457 12
                                    

ယွန်းဟွာတစ်ယောက် မူလယွန်းဟွာ၏ဘဝဇာတ်ကြောင်းအမှန်ကိုပြန်မကြည့်ခင် ဆုန်းသခင်ကြီးကိုကြည့်ရင်း မျက်ရည်တွေကျကာ အော်ဟစ်မေးတော့သည်။

"ဘာလို့လဲ!!!ဘာလို့ Omegaဖြစ်နေရတာလဲလို့!! ဘာလို့ဖုံး..ဖုံးကွယ်ထားခဲ့ကြတာလဲ!!"

အီထယ်ကမူ ညီဖြစ်သူကပါအဝေးကိုထွက်သွားပြီမို့ ညီမဖြစ်သူကို စိတ်မထိခိုက်စေလို၍ အလဲလဲအပြိုပြိုဖြစ်နေသော ညီမဖြစ်သူကို ခါးမှပွေ့ကာမတ်မတ်ရပ်စေသည်။

"အရင်ဆုံး...အိမ်တော်ကိုပြန်ကြမယ်၊ အိမ်တော်ကိုပြန်ရောက်မှ ပြောကြမယ်၊"

ထိုအခါမှ အီထယ်လဲ ယွန်းဟွာလက်ကိုဆွဲကာ အိမ်အောက်ရှိ သူတို့စီးလာသည့်ကားပေါ်တက်သွားဖို့ပြင်သည်။ယွန်းဟွာကမူ

"ဆန်း..ဆန်းဝူရော..ကျန်တဲ့သူတွေရော.."

အီထယ်က မျက်နှာမကောင်းဖြစ်ကာငြိမ်နေပြီးမှ

"ဆန်းဝူ...ဆန်းဝူကို ကိုကြီးတို့တွေ့တုန်းက သူ့ပုံကဖရိုဖရဲနဲ့၊ လက်မှာလဲသွေးတွေရောဖန်ကွဲစတွေရောပဲ၊ ကိုကြီးတို့ကိုမြင်တာနဲ့ မိုဂျွန်းဘယ်မှာလဲ မေးတော့တာပဲ..."

"ဟမ်? မိုဂျွန်းက..shit! သေပြီ"

ပါးစပ်မှအပြောနှင့်အတူ ဂါဝန်ကိုမကာ ကားထဲကိုဝင်၍ Driverနှင့်ကျန်သူများကိုမစောင့်ပဲ ကားကို မိုဂျွန်း၏အိမ်ဆီသို့ တစ်ရှိန်ထိုးမောင်းထွက်လာခဲ့သည်။

'မဟုတ်လောက်ပါဘူး!! ဒီကလေးမ တကယ်ထွက်မသွားလောက်ဘူးမလား...ထွက်မသွားပါနဲ့ဟာ ဆန်းဝူက နင်မရှိရင်သေသွားလိမ့်မယ်..နင်မရှိရင်သူသေသွားလိမ့်မယ်လို့....'

ကားကိုမြို့ထဲသို့အတန်ကြာအောင်မောင်းပြီးသော် မိုဂျွန်း၏အိမ်တော်ဆီရောက်လေသည်။အိမ်တော်ရှေ့တွင် ဗရမ်းဗတာထိုးရပ်ထားသော ကားတစ်စီးရှိသော်လဲ ကိုယ့်အပူနှင့်ကိုယ်မို့ သူမ ဂရုမစိုက်မိ။အိမ်တော်ထဲသို့ အလျင်စလိုပြေးဝင်သွားရာ အိမ်တော်ရှေ့တွင်တော့

"မိုလေး!! မိုလေး ထွက်ခဲ့ပါကွာ!! ကိုယ်တောင်းပန်ပါတယ်..ကိုယ်တောင်းပန်ပါတယ်၊ ကိုယ့်ကို...ကိုယ့်ကိုမုန်းလို့ရပေမဲ့ အဲ့လိုရှောင်ပြေးမသွားပါနဲ့ကွာ မင်းမရှိရင်..မင်းမရှိရင် ကိုယ်သေသွားလိမ့်မယ်ကွ!!!"

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now