Recommend song : Auditory Hallucinations
သုံးလကြာပြီးနောက်။
/ " ဘာလို့ အဲ့ဒီမိုးရွာတဲ့ညနေမှ ချစ်ရတာလဲ။
အရှေ့မှာ တွေ့ပြီးတဲ့ရက်တွေရှိတာကို"" မြင်မြင်ချင်းတော့ အသည်းယားတာပေါ့ကွာ။
မင်းက အူကြောင်ကြောင်လေးကိုး။
နောက်တော့ ကြည့်ရင်းကြည့်ရင်း
တဖြည်းဖြည်းသဘောကျလာရော။
အဲ့ဒီတုန်းက
ကျွန်တော့်ကိုအသားလွတ်ကြီး မင်းက
မကြည်ကြည့်တွေကြည့်တာနော်။
တကယ် စွာလိုက်တာဆိုတာ" // " ဟာဗျာ.. ကျွန်တော့်ကို အပျော်ကြံတာလား
အဲ့ဒါဆို"" အွန်းလေ ။ ဆယ်ဟွန်းကို အပျော်ကြံပြီး..
တခြားတစ်ယောက်နဲ့ လက်ထပ်မှာ"" ကလေး...မင်းနော်.." /
/"ဂျုံအင်.. ကျွန်တော်ကလေ..မင်းမှမဟုတ်ရင်
မဖြစ်တဲ့သူပါ..။မင်းလက်ကိုတွဲထားရရုံနဲ့
အရာအားလုံးကို ပိုင်ဆိုင်ထားရသလိုမျိုးခံစားရတဲ့အထိ မင်းကိုမြတ်နိုးရတာမို့ ကျွန်တော်တွဲထားတဲ့
ဒီလက်တွေကို ဖြုတ်ချပစ်ဖို့ ကျွန်တော့်မှာ
သတ္တိမရှိဘူး ဂျုံအင်။"//"အဲ့ဒါဆိုလည်း ကျွန်တော့်ကို ချစ်တယ်တော့
ပြော..။မင်း မပြောတာကြာနေပြီ။ကျွန်တော်
နားထောင်ချင်တယ်..""ချစ်တယ်လည်း မပြောချင်ပါဘူး..။"
" ဘာလို့လဲ.."
" ချစ်မှ မချစ်တော့တာ..."
" ကလေး.."
" အတည်ပြောနေတာ.." /
/ " ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိစ္စကို
မင်းကြိုက်သလို ဆုံးဖြတ်နိုင်တယ်..။
ကျွန်တော် မင်းဆုံးဖြတ်ချက်အတိုင်းပဲ
လက်ခံတော့မယ်..။ မင်းက လမ်းခွဲရအောင်..
ဆိုရင်လည်း..........ကျွန်တော် မဆွဲထားတော့ဘူး..
ဂျုံအင်.."/