- 6 -

33 1 1
                                    

" မြန်မြန်အောက်ထပ်ကိုဆင်းလာခဲ့ ၊ "

မနက် 7 နာရီကို ဖုန်းဆက်ပြီး အော်ဟစ်နေသော ထိုမိန်းမအားနားမလည်နိုင်သေးပါ ။

" အစ်မ ခုမှ 7 နာရီလေ ပိတ်ရက်တော့ကောင်း​ကောင်းနားသင့်တဲ့ဟာကို !! "

" ကားပေါ်တက် မြန်မြန် "

ကားပေါ်ကိုဆွဲတင်ကာ မောင်းထွက်သွားသောထိုအစ်မအားနားမလည်သလိုသာကြည့်နေမိတော့သည် ။

" နောက်ခုံမှာ ကော်ဖီနဲ့မုန့်ရှိတယ် "

စကားကိုထိုမျှသာပြောကာ ကားဆက်မောင်းနေသာထိုမိန်းမပင် ၊ နောက်ခုံမှ ကော်ဖီခွက်နဲ့
မုန့်ကိုလှမ်းယူကာစားမည်အလုပ်

" ငါ့ကိုလည်းကျွေး "

" အစ်မ ကားသာမောင်းပါ "

" ခွံ့ ငါ့ကို "

" ဟင် ? "

" ခွံ့လို့ "

ပေါင်မုန့်ကိုဖဲ့ကာ လှမ်းပေးလိုက်တော့ ပါးစပ်ဟသည် ။ တကယ်ပဲ သူ့ကိုခွံ့ခိုင်းနေသည်လား

" ရား ကျွေးလေ "

ပါးစပ်ထဲထည့်ပေးလိုက်တော့ ပေါင်မုန့်ကိုစားကာ လက်ကိုလှမ်းနမ်းလိုက်သည့်အစ်မပင်

" အစ်...အစ်မ ဒါ .. ဒါက "

" နင်လန့်သွားတာလား ငါကချစ်လို့စတာ "

လက်ကိုလှမ်းဆုပ်လိုက်ကာ တစ်ဖက်ကာကားမောင်းနေသောထိုမိန်းမပုံစံမှာ အလွန်ကိုခန့်ညားလှသည် ။ ဆံပင်တွေလွင့်နေသည့်ထိုပုံစံမှာ ဘယ်တော့မှပြန်မထွက်သွားချင်မည့် ပုံရိပ်မျိုးပင်ဖြစ်ပေလိမ့်မည် ။

" အစ်မ နောက်တစ်ခေါက်လောက် "

" ဘာကိုလဲ ဂျီဟေးရဲ့ "

" ထပ်နမ်းပေး လက်ကို "

ဆုပ်ထားသောထိုလက်အား နူးနူးညံ့ညံ့နမ်းသော ထိုမိန်းမပင် ....

" ရောက်ပြီ ဆင်းရအောင် "

ခေါ်လာသည်က မြို့စွန်ဘက်ကဂေဟာလေးတစ်ခုပင် ။ ကွင်းကျယ်ကြီးနှင့် လတ်လတ်ဆတ်ဆတ် စိုက်ခင်းတွေကအစတွေ့ရသည် ။ လာသည့်လမ်းမှာ အိပ်ပျော်သွားခဲ့တာကြောင့်လားမသိ ရှုခင်းတွေမမြင်လိုက်ရ ပြန်မှကြည့်မည်ဟုသာတွေးထားလိုက်တော့သည် ။

𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 > Where stories live. Discover now