The first day he arrived

334 28 2
                                    

#unicode

        ** ဒီတိုင်းပြည်ရဲ့အိမ်ရှေ့စံ**

သူ့နာမည်ဟာ ရေဒီယို အစဥ်နားထောင်တတ်တဲ့
လူငယ်လေးတွေကြားမှာ အလွန်ရေပန်းစား၏။
ပျားရည်အိုင်လေးလို နူးညံ့ချိုသာတဲ့အသံလေး
က ကိုယ်တိုင်ရေး သီချင်းများကို ညစဥ်ညတိုင်း
ထုတ်လွှင့်ပေးလျက်ရှိသည်။

လူကြီးများ ယခုနောက်ဆုံးပေါ် ရုပ်မြင်သံကြား
သတင်းအစီအစဥ်များကို အကြိတ်အနယ် ဆွေး
နွေးနေချိန်၊ လူငယ်လေးတွေကတော့ ရေဒီယိုမှ
သာသာယာယာ အသံလေးနှင့် ညဘက် စာတွေ
လေ့လာကြသည်။အိပ်ယာဝင်ကြသည်။

သူသည် အစီအစဥ် တင်ဆင်သူ Jeon ဟူ၍ ..။
အများ၏နှလုံးသားထဲ ဝင်ရောက်ထားပါသည်။
'အီဒန်'တိုင်းပြည်ငယ်လေးရဲ့ အထွေးဆုံးသော
အိမ်ရှေ့စံလေး ဂျွန်ဂျောင်ကုသည် အများကြား
မှာ ရေဒီယိုတင်ဆက်သူ လူချောလေးအဖြစ်နှင့်
နေထိုင်သည်။

အိမ်ရှေ့စံ ဟူသော ဂုဏ်ပုဒ်ကို မည်သူမျှ သတိ
ထားမိသေးပုံမပေါ်ခဲ့ပါ ..။

°°°°°°°°°°°°°°°°°°°°°°°°°°°°

                 " စတင်မိတ်ဆက်ခြင်း"

အလင်းရောင်ကျရောက်လာကာစ မနက်ခင်းလေး
ကိုအပြစ်တင်သံတွေနဲ့အစပျိုးတတ်သည့် မိခင်ကို
ကိုယ် ဆူပုတ်ကာ စိုက်ကြည့်လိုက်မိသည်။

"မသယ်နဲ့လို့ ပြောနေတယ်လေ!!"
"ညည်းကို ကျောင်းသွားပါတော့ လို့ ငါ ဘယ်နှခါ
ပြောရမလဲ"

"စျေးထဲ လိုက်ပါ့မယ်ဆို!"

ထရပ်ကားအစုတ်လေးအနောက်ဘက်မှာ သစ်သီး
မျိုးစုံ ထည့်ထားတဲ့ သေတ္တာငယ်တွေ ပြည့်သိပ်နေ
ခဲ့သည်။မိခင်သည် သူ့ကိုယ်သူသိပ်သန်မာချင်ဟန်
ဆောင်ပြလွန်းသည်။လေးလံလှတဲ့သေတ္တာတွေကို
ဝိုင်းကူသယ်ပေးလို့ဆိုပြီး၊အခုလည်း နားပူအောင်
ကိုယ့်ကို ဆူနေသေးသည်။

" ဒေါ်ဒေါ် .. စျေးထဲ သွားတော့မလို့လား"

ခြံဝင်းတစ်ဝင်းတည်းပေမယ့် အိမ်ငယ်လေးဆီက
ထွက်လာတဲ့ အစ်ကို 'ဟာရူးလ်'ဟာ၊ ကိုယ့်လိုမျိုး ကျောင်းဝတ်စုံအသစ်လေး ဝတ်ဆင်ထားပြီးပြီပင်ဖြစ်သည်။

The Hidden Heaven Where stories live. Discover now