နွေမရှိရင်

7.1K 257 137
                                        


" ကိုကိုမနက်စာဘာစားထားလဲ"

ပြိုင်ပွဲအတွက်စိတ်လှုပ်ရှားနေသည်နှင့်တူသည်

ကိုကို့ရဲ့လက်တွေက ရေခဲလိုအေးစက်နေခဲ့သည်။

ပြီးခဲ့တဲ့ပွဲက Swimming မှာအနိုင်ရရှိခဲ့ပေမဲ့ စက္ကန့်ပိုင်းလက်မတင်လေးနဲ့သာအနိုင်ရသွားတာဖြစ်ပြီး
Diving မှာလည်း accident ဖြစ်ကာအရှက်ကွဲခဲ့သေးသည်

" ကိုကိုကရေမကူးခင်မစားတက်ဘူး"

" ကိုကို့အတွက်ငှက်ပျောသီးယူလာသတယ်
ငှက်ပျောသီးက potassium တွေအများကြီးပါလို့ energy ကို boost လုပ်လိုက်သလိုပဲစားပါနော်မဟုတ်ရင်ကြွက်တက်မယ်"

ကဗျာနွေသည်ငှက်ပျောသီးကိုအခွံခွါကာပါးစပ်ထဲထိုးထည့်နေတာမို့ မစားချင်စားချင်နဲ့ စားလိုက်ရပါသည်။

" ကိုကို Diving board ပေါ်မှာနောက်ထပ် ပြသနာတစ်ခုခုဖြစ်မှာကြောက်နေတယ်
သေမှာကိုမကြောက်ပါဘူး
လူတွေကိုကြောက်တာ
ကိုကို diving board ပေါ်တက်သွားရင်
လူတွေရဲ့မျက်လုံးတွေကတမျိုးပဲ"

ကိုကိုသည် မတည်ငြိမ်နိုင်တဲ့ မျက်လုံးတွေနဲ့ ဆံပင်မစိုမခြောက်တွေကို ဆွဲဖွနေခဲ့သည်။

ခန္ဓာကိုယ်နဲ့ချပ်ကပ်နေသော ရေကူးအင်္ကျီအနက်ရောင်သည် အသားဖြူသောကိုကို့ကိုထင်းထွက်နေစေ၏

"Decade တစ်ခုလုံးမှာအောင်အမြင်ခဲ့ဆုံး
Greg Louganis တောင် Seoul Olympic မှာSpring board နဲ့ခေါင်းနဲ့ရိုက်မိသေးတာပဲ
ကိုကို့ကိုဘယ်ကောင်အဲ့လိုကြည့်ရဲလဲ
နွေလေးခြေထောက်ရိုက်ချိုးပေးမယ်"

ကဗျာနွေသည် အေးစက်နေသောကိုကို့လက်တွေကိုအနွေးဓာတ်ပေးရင်းပြောတော့ ကိုကိုဟာပြုံးလာတော့သည်။

" တကယ်ပါပဲ
နွေလေးမရှိရင်ကိုကိုရပ်တည်လို့တောင်ရမှာမဟုတ်ဘူး"

ကိုကိုသည်လူရှင်းသည့်ခုံတန်းရှည်လေးပေါ်မှာမို့နွေလေး၏နှုတ်ခမ်းတွေကိုအသာအယာဖိကပ်နမ်းလိုက်သည်။

The Girl Next Door (ဟိုဘက်အိမ်ကကောင်မလေး)Opowieści tętniące życiem. Odkryj je teraz