Ch 22

4.8K 472 18
                                    

သူမ ဆန်းဝူကိုအိမ်ပြန်ပို့ပြီးသည်နှင့် အိမ်တော်ဆီသို့ပြန်လာခဲ့လိုက်သည်။တစ်ကိုယ်လုံးလဲနွမ်းလျနေပြီး ဂါဝန်တွင်လဲ ဆန်းဝူလက်မှသွေးများကပေနေသည်။ဆံပင်ကလဲ အိပ်ယာထကတည်းက မဖြီးမသင်ရသေးတာမို့ ငှက်သိုက်အရှုံးပေးရသည့်ပုံစံပင်။ဖိုသီဖတ်သီနှင့် သူမကိုသာတွေ့လျှင် ဂျီဟျွန်းကတော့ "မမက ကလေးလေးကြနေတာပဲဗျာ.."ဟုပြောရင်း ရယ်မောနေဦးမလားဟု သူမ တမ်းတမိသည်။

အိမ်တော်ထဲရောက်သော် ဧည့်ခန်းထဲတွင် အကိုကြီးနှင့်အဖေတို့ကထိုင်နေကာ အကိုကြီးသည် ယွန်းဟွာကိုယ်မှသွေးများကိုမြင်သည်နှင့်အလန့်တကြားထကာ

"ငယ်လေး..ငယ်လေး ဘာဖြစ်တာလဲ..သွေး..သွေးတွေနဲ့၊"

"အဲ့တာ ဆန်းဝူရဲ့သွေးတွေပါ..ညီမလေးဆီကမဟုတ်ဘူး..."

ထိုအခါမှ စိတ်အေးသွားပုံရသောအီထယ်သည် ဆုန်းသခင်ကြီးဘက်လှည့်ကာ

"အဖေ..ကျွန်တော်တို့ကိုရှင်းပြစရာရှိတယ်လို့မထင်ဘူးလား၊"

အနည်းငယ်နွမ်းလျနေပုံပေါ်သော်လဲ ဆုန်းသခင်ကြီးသ် သြဇာအာဏာနှင့်ပြည့်ဝနေသေးပုံပင်။ဆိုဖာတွင်နှစ်ယောက်လုံးကိုဝင်ထိုင်ရန်အချက်ပြကာ သူကတော့ ခြေချိတ်ထိုင်လိုက်ပြီး ယွန်းဟွာ၏ဘ၀အဆုံးအဖြတ်ဖြစ်သော စကားကိုဖွင့်ဟပြောလေသည်။

"ယွန်းဟွာ..သမီးနာမည်အရင်းက ဝမ်ယွန်းဟွာပဲ..၊ ဆုန်းယွန်းဟွာ မဟုတ်ဘူး.."

"ရှင်!"

"ဟင်း...သမီးရဲ့မိဘအရင်းတွေက ဝမ်လီရှီနဲ့ ရှို့မေယာပဲ..၊ အီထယ်လေးရဲ့ အမေ ရှင်းရုန်နဲ့ ရှို့မေယာက သိပ်ကိုခင်ကြတဲ့သူငယ်ချင်းတွေ၊ ရှို့မေယာက ဒီနိုင်ငံမှာကျောင်းလာတက်တဲ့ကျောင်းသူ၊ ရှင်းရုန်နဲ့ အဖေနဲ့ကိုလက်ထပ်ပေးဖို့စီစဥ်ကြတော့ ရှင်းရုန်နဲ့ အဖေနဲ့ တွေ့ရတိုင်းမှာ ရှို့မေယာကပါပါလာတတ်တယ်၊ "

သူမှတ်မိပါသေးသည်။မျက်မှန်လေးဝိုင်းဝိုင်းလေးတပ်ဆင်ကာ ကျစ်စာမြီးနှစ်ဖက်စည်းထားတတ်သော ရှို့မေယာသည် ရှင်းရုန်ကိုတော့လွန်စွာခင်မင်လှသည်။ရှင်းရုန်နှင့်တွေ့တိုင်း လိုက်လိုက်လာတတ်သော ရှို့မေယာကို သတိထားမိသွားသူက သူတို့ကျောင်းရဲ့ King ဝမ်လီရှီပင်။ဝမ်လီရှီသည်ချမ်းသာကာ သူတို့လိုပင် အသိုင်းအဝိုင်းကြီးထဲမှဖြစ်သည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now