PART 45(Z+U)

1.6K 119 13
                                    

Zawgyi

"ရှင်သန်ချင်စိတ်က ဖြတ်ရိုက်ခံလိုက်ရသည့်နှယ်"

ရှန်းနဲ့မင်းအဏ္ဏဝါတို့နှစ်ယောက် ဆိုင်တစ်ဆိုင်မှာမနက်စာဝင်စားကြပြီးနောက် ညကကိစ္စကိုဖြေရှင်းရန်ချိန်းထားကြသည့် "LIBIDO"ဟိုတယ်သို့ ရောက်လာကြ၏။

သူတို့နှစ်ယောက် ကားထဲကဆင်းလာကြတယ်ဆို စောင့်နေသည့်စံစံက ဦးစွာအပြေးတကောရောက်လာပြီး စိုးရိမ်တကြီးပုံစံနှင့် ရှန်းကိုနှုတ်ဆက်၏။

"ဘော့စ်... အဆင်ပြေလားဟင်၊ အခုဘယ်လိုနေလဲ... ဘာလုပ်ပေးရမလဲ"

ရှန်းက အဆင်ပြေကြောင်းအသာပြုံးပြလိုက်ပြီး
"အဆင်ပြေပါတယ် စံစံ... အခုသွားတွေ့လို့ရပြီမလား"

"ရတယ်ဘော့စ်၊ သူတို့ဘယ်မှပြေးလို့မလွတ်ဘူး... သူတို့လုပ်ရပ်နဲ့တန်ရာတန်ရာကို ပြန်ခံရဖို့လည်းအချိန်သင့်ပြီ ဘော့စ်"

စံစံက အံခဲလျက် မကျေမနပ်ဆို၏။
ရှန်းကတော့ ငြိမ်သက်နေပြီ ဘာမှမဆိုလာ။
ရှန်းကိုအရိပ်အကဲကြည့်နေသည့် မင်းအဏ္ဏဝါကလည်း ပါးစောင်တွေတင်းနေပြီး မျက်ဝန်းတွေကအစ ငြိမ်သက်လို့နေ၏။

ဟိုတယ်ထဲရောက်တော့ သူတို့ကိုမျှော်နေသည့်လူနှစ်ယောက်ကလည်း အပြေးလာကြို၏။

"ရှန်း... စိတ်ပူလိုက်ရတာ... အခုလိုဖြစ်သွားရတာ ငါတို့ဘက်ကပေါ့ဆမှုကြောင့်ပါ၊ နင့်ကိုတောင်းပန်ပါတယ်... အခုဘယ်လိုနေ... သေး... လဲ"

အပြေးရောက်လာပြီး စိုးရိမ်စွာမေးမြန်းတောင်းပန်လာသည့် မြသဝဏ်မှာ သူ့ကိုခပ်ရေးရေးပြုံးပြနေသည့်ရှန်းကိုအသေအချာကြည့်မိခိုက် နောက်ဆုံးစကားလုံးတွေက ပြတ်တောင်းပြတ်တောင်းဖြစ်သွားရလေ၏။

သူမကို မျက်လုံးပြူးစေတာကတော့ ရှန်းရဲ့လည်ပင်းတစ်ဝိုက်က အရောင်ရင့်ရင့်အကွက်တွေပင်။ ကော်လာမပါသည့်အင်္ကျီဖြစ်၍ ဖြူ ဝင်းဝင်းလည်တိုင်မှာ ထိုအကွက်တွေက အထင်းသားလေ။

မြသဝဏ်က တအံ့တသြ မျက်လုံးတွေဝိုင်းလျက် ရှန်းရဲ့ဘေးမှာ မားမားမတ်မတ်ကြီးရပ်နေသည့် လူငယ်လေးကို အမေးပေါင်းများစွာနဲ့မော့ကြည့်မိလေ၏။

"My Only One" ✔️Donde viven las historias. Descúbrelo ahora