နံနက်ခင်း၏အလင်းရောင်သည် ပြတင်းပေါက်မှ အခန်းတွင်းသို့ကျလာ၏။နှောင်းဟာမနက်စောစောထကာ အပင်များကို ရေလောင်းပေါင်းသင်လုပ်တတ်၏။ထိုအချိန်တွင် ဇိန်သည် အိပ်ယာထဲတွင်သာရှိသည်။ဇိန်နှင့်နှောင်းတို့၏အခြေအနေသည် ပျော်စရာကောင်းသောအခ်ိုက်အတန့်တွင်ရှိသည်။
ဇိန်ဟာအခန်းတွင်းမှ ထွက်လာခဲ့၏။ထို့နောက် ပေါက်တူးပေါက်နေသော နှောင်းအား ငိုင်တိုင်တိုင်ကြည့်နေခဲ့သည်။
နှောင်းသည်လည်း ဇိန်သူ့ကို ကြည့်တာကို သတိမထားဘဲ ပေါက်တူးကို ပေါက်မြဲပေါက်နေ၏။ပေါက်တူးကိုလွှဲလိုက်စဉ် လှုပ်ရှားသွားသော ကြွက်သားများ အကြောများနှင့် နှောင်းဟာ ကြည့်ကောင်းနေသည်။
မနက်အိပ်ယာမှ ထကာ နံနက်စာစား။စိုက်ခင်း၀င်ပြီးနောက် ရေချိုးအနားယူလျက်နေကြသည်က နှောင်းတို့ရဲ့တနေ့တာ ဖြစ်သည်။ နေ့လည်နေ့ခင်း
ကွတ်ပျစ်မှာထိုင်ကာ ကဗျာဖတ်စာဖတ်နှင့် ကြည်နူးစရာကောင်းသည်။သျှမ်သားအပါးလေး၀တ်ထားသော ဇိန်ဟာ ကြည့်ကောင်းနေ၏။"ဇိန် ဘာချက်စားကြမလဲ"
" မှိုကန်စွန်းကြော်စားကြမလား နှောင်း ကျွန်တော် မနေ့က မှိုတော့ ၀ယ်လာတယ်"
"အင်း ...မှိုကတော့ ကောင်းပါတယ် နောက် ဇိန် ဘာစားချင်သေးလဲ"
ပြောကာ ဇိန့်အား နောက်မှ ဖက်လိုက်၏။ထို့နောက် လည်ကုတ်အား ဖွဖွလေး နမ်းလိုက်သည်။"ကျွန်တော်က ဘာဖြစ်ဖြစ်ရပါတယ် ကိုကြီးသာ အဓိက"
"ဇိန့်ကလည်း ကိုက ဇိန့်ကို စားစေချင်လို့မေးတာကို"
"ဇိန့်က ကိုကြီးကို စားရရင် ကျေနပ်ပါပြီး ဟီးးးဟီး!!"
"ညနေ ကိုတို့ ဘုရားသွားကြမလား ဆိုင်ကယ်ပတ်စီးကြမလား"
"ဘုရားသွားကြမယ်လေ မရောက်တာလည်း အတော်ကြာပြီ ပြီးတော့ ဒီနေ့က ကိုကြီးရဲ့မွေးရက်မလား တနင်္လာနေ့ဆိုတော့"
နှောင်းသည် သိုင်းဖက်ရာမှာ လွှတ်ကာ
"အင်း ဟုတ်ပြီး ဒါဆို ဘုရားသွားကြမယ် ပြီးရင် အပြင်မှာပဲ ညစာစားကြတာပေါ့"****************************************
"အင်း ဇိန့်ကို ငါ ဘာလုပ်ပေးသင့်လဲ"
သျှင်ခသည် အိပ်ခန်းတွင်းမှ ကုလားထိုင်ပေါ်တွင် စောစောစီးစီး တွေးနေမိတယ်။ပြီးတော့ ဆေးပြင်းလိပ်ကို ဖွာလိုက်တယ် မျက်နှာကို တပ်လိုက်ချွတ်လိုက်နဲ့ တစ်ယောက်တည်း ဗျာများနေတယ်။ဒီနေ့က ဇိန့်ရဲ့မွေးနေ့ဖြစ်နေသော ဘာလက်ဆောင်ပေးရမလဲဆိုတာ သျှင်ခ အကျပ်ရိုက်နေတယ်
"အင်း ရင်းနှီးတာလည်း မကြာသေးတော့ ဘာပေးရမလဲ မသိဘူး"
YOU ARE READING
The Cloud
Romanceတိမ်ဆိုမှတော့ တိမ်လိုပါပဲအကို သူ မရှိတဲ့နောက် ဖြစ်တည်လာတဲ့ တိမ် ပေါ့