🌿The legend of the blue sea
အပိုင်း(26) မိန်းမလှလေးကိုတော်ကောက်တင်မြောက်(၂)
ရီနာနာရဲ့အသွင်က ဓားတလက်လိုထက်မြက်တယ်ဆိုရင် မိန်းကလေးယောင်ဆောင်ထားတဲ့ရေဘုရင်ကတော့ စောင်းတလက်လို ရိုးရှင်းပြီးသိမ်မွေ့လှတယ်
အဲ့လိုနှစ်ယောက်ကိုတပြိုင်ထဲတွေ့လိုက်ရတော့ ပေ့ထန်ရဲ့မျက်နှာကပြုံးလို့ပျော်လို့
နာနာကတော့ အဲ့နွားရဲ့အခွက်ကိုပဲပြေးကန်ချင်နေတာ
ရေဘုရင်ကတော့ ဘာမှမသိတဲ့မျက်ဝန်းလေးနဲ့နာနာရဲ့အနောက်မှာပုန်းနေတော့တာပဲ
ကြည့်ရတာတော့ သူမတို့တွေက သုံးလောကမှာသံသယအများဆုံးရစ်ထုတ်ကြီးကိုအောင်မြင်စွာစည်းရုံနိုင်သွားပြီ
ဘယ်အချိန်ထပြီးသံသယဝင်မယ်မသိပေမဲ့ ခုလောလောဆယ်တော့ နန်းတော်ကိုဝင်ဖို့ပဲ
"ကဲ မြင်းလှည်းအဆင်သင့်ပြင်ထားပြီးပြီ နန်းတော်ကိုအလည်လိုက်ခဲ့ကြတော့"
သူပြောတာကတော့ ရည်ရည်မွန်မွန်လေးပါပဲ
ဒါပေမဲ့ သူ့နောက်မှာပါလာတဲ့စစ်တပ်စုတခုစာသန်မာထွားကြိုင်းလှတဲ့စစ်သည်တော်တွေကတော့ခြိမ်းခြောက်နိုင်စွမ်းအပြည့်ပဲ
အဟွန်း
ဒင်းက ငါတို့မလိုက်ရင်အင်အားသုံးပြီးခေါ်သွားမလို့ပေါ့လေ
ဒါပေမဲ့ သူမတို့ကလဲ တန်းတန်းမတ်မတ်ပဲလိုက်သွားချင်တာပါ
ခက်တာက အဲ့ရစ်ထုတ်ကြီးသံသယမဝင်အောင် နဲနဲတော့ကလန်ကဆန်လုပ်ရဉီးမယ်
နာနာစိတ်ဆိုးမာန်ဆိုးပုံစံလုပ်လိုက်တယ်
သူ့ဘေးမှာနေခဲ့တုန်းက စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့လွန်းလို့ မပြုံးချင်ပေမဲ့ပြုံး ပြုံးနေချင်လဲမျက်နှာသေနဲ့နေရတဲ့နေ့ရက်တွေရှိခဲ့တာမို့
ဟန်ဆောင်ခြင်းအနုပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခဲ့တယ်
အခုတော့ အဲ့ဒီပညာတွေကိုထုတ်သုံးဖို့အချိန်ကျလာခဲ့ပြီလေ
YOU ARE READING
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historical Fictionown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...