Unicode
𝐹𝓁𝑜𝓌𝑒𝓇𝓈🤍နေဝင်ချိန်တွေဟာ ကမ္ဘာမှာတူ
ချင်တူနိုင်တယ်...။
ရင်ထဲကနေဝင်ချိန်တွေကတော့
တစ်ချို့ ကမ္ဘာ တွေမှာ မတူညီနိုင်ကြဘူး...။စိုက်ခင်းလေးနှစ်ခုမှာ ချစ်မိကြသူတွေ
ဟာ အချစ်ဆိပ်တက်ရင်း အသီးသီးငို
ကြွေးလျက်...။နေ့တွေ၊ညတွေဟာ ဒီလိုပဲ...
ကူးပြောင်းရင်း...မျက်ရည်တွေသည်...
နေဝင်ချိန်တွေအတွက်...။နေဝင်ချိန်တွေကိုမုန်းတယ်...ချီရူ။
"လီနာ...! ချော်လဲမယ် ဖြေးဖြေး..."
" လီနာ ပျော်နေတာ....ချီရူ"
ပြုံးရီနေသောမျက်နှာလေးဟာ
အပြစ်ဆိုသည် မြူမှုန်တောင်မရှိ...။
ကြည်လင်ပေါ့ပါးနေတဲ့ ရယ်သံလေးတွေက
စ သူ့ရဲ့ ခေါင်းစခြေဆုံးကို သဘောကျလွန်း
တယ်...။ လီနာဟာ နတ်ဘုရားလေးလိုပဲ။ဒီစိုက်ခင်းထဲက ဒုဓလီလေးတွေကြား
သူပြေးတိုးသွားတိုင်း ရင်ထဲက အပြုံးပန်း
တို့သည် လှိုက်လှိုက်လှဲလှဲ ခုန်နေလျက်...။ချစ်ကြောင်းပြောချင်တယ်...လီနာ..။
ကိုယ် နည်းနည်းစိုးထိတ်နေလို့ပါ...လီနာ...။"ချီရူ!!!. . . "
အဝေးက အသံလေးသည်လဲ
သေးသေးသိမ်သိမ်...လွမ်းစွတ်စွာဖြင့်...။
ငေးနေတဲ့မျက်လုံးလေးတွေဟာ...
ပြုံးရိပ်များတိခနဲ ပျောက်ကွယ်သွားသည်။
ဂျေ......။"လီနာ!!"
"ဂျေ...လာလေ ဒုဓလီတွေက သိပ်ပျော်စရာပဲ.."
စိုက်ခင်းလေးတွေအသီးသီးထဲ
ပန်းလေးတွေ အလီလီထဲ...လီနာသည်
နှင်းဆီအရိုင်းလေး...။ကောင်မလေးသုံးယောက်ရဲ့ဆက်နွယ်မှုတွေက
လွန် ခြင်းများစွာဖြင့် ဆန်းသည်...။
ကြိုးတွေသည် အထပ်ထပ်...။ပန်းလေးတွေရင်းနှီးအခါ ဝတ်မှုံကူးသလို
အချစ်တွေဟာလဲ အရောင်တွေ ဆိုးလာကြ
တယ်...။ဖြူစင်ခြင်းတွေသည် မှေးမှိန်စွာ...။သံယောဇဉ် ကြိုးတွေကြား ခပ်လှလှ ပန်းနုနု
လေးတွေ ဖြတ်ပြေးကြတဲ့ သုံးယောက်လုံးက
မြတ်နိုးမှုတွေ ကိုယ်စီ...။ မနိုင်မနင်း ခံစားချက်
တွေလဲ သယ်ပိုးထားရင်း...နှီးနှောမျက်လုံးလေးတွေနဲ့ ငေးတက်ကြသူတွေချည်း...။