Oneshot(unicode)

7 1 0
                                    

Unicode
𝐹𝓁𝑜𝓌𝑒𝓇𝓈🤍

နေဝင်ချိန်တွေဟာ ကမ္ဘာမှာတူ
ချင်တူနိုင်တယ်...။
ရင်ထဲကနေဝင်ချိန်တွေကတော့
တစ်ချို့ ကမ္ဘာ တွေမှာ မတူညီနိုင်ကြဘူး...။

စိုက်ခင်းလေးနှစ်ခုမှာ ချစ်မိကြသူတွေ
ဟာ အချစ်ဆိပ်တက်ရင်း အသီးသီးငို
ကြွေးလျက်...။နေ့တွေ၊ညတွေဟာ ဒီလိုပဲ...
ကူးပြောင်းရင်း...မျက်ရည်တွေသည်...
နေဝင်ချိန်တွေအတွက်...။

နေဝင်ချိန်တွေကိုမုန်းတယ်...ချီရူ။

"လီနာ...! ချော်လဲမယ် ဖြေးဖြေး..."

" လီနာ ပျော်နေတာ....ချီရူ"

ပြုံးရီနေသောမျက်နှာလေးဟာ
အပြစ်ဆိုသည် မြူမှုန်တောင်မရှိ...။
ကြည်လင်ပေါ့ပါးနေတဲ့ ရယ်သံလေးတွေက
စ သူ့ရဲ့ ခေါင်းစခြေဆုံးကို သဘောကျလွန်း
တယ်...။ လီနာဟာ နတ်ဘုရားလေးလိုပဲ။

ဒီစိုက်ခင်းထဲက ဒုဓလီလေးတွေကြား
သူပြေးတိုးသွားတိုင်း ရင်ထဲက အပြုံးပန်း
တို့သည် လှိုက်လှိုက်လှဲလှဲ ခုန်နေလျက်...။

ချစ်ကြောင်းပြောချင်တယ်...လီနာ..။
ကိုယ် နည်းနည်းစိုးထိတ်နေလို့ပါ...လီနာ...။

"ချီရူ!!!. . . "

အဝေးက အသံလေးသည်လဲ
သေးသေးသိမ်သိမ်...လွမ်းစွတ်စွာဖြင့်...။
ငေးနေတဲ့မျက်လုံးလေးတွေဟာ...
ပြုံးရိပ်များတိခနဲ ပျောက်ကွယ်သွားသည်။
ဂျေ......။

"လီနာ!!"

"ဂျေ...လာလေ ဒုဓလီတွေက သိပ်ပျော်စရာပဲ.."

စိုက်ခင်းလေးတွေအသီးသီးထဲ
ပန်းလေးတွေ အလီလီထဲ...လီနာသည်
နှင်းဆီအရိုင်းလေး...။

ကောင်မလေးသုံးယောက်ရဲ့ဆက်နွယ်မှုတွေက
လွန် ခြင်းများစွာဖြင့် ဆန်းသည်...။
ကြိုးတွေသည် အထပ်ထပ်...။

ပန်းလေးတွေရင်းနှီးအခါ ဝတ်မှုံကူးသလို
အချစ်တွေဟာလဲ အရောင်တွေ ဆိုးလာကြ
တယ်...။ဖြူစင်ခြင်းတွေသည် မှေးမှိန်စွာ...။

သံယောဇဉ် ကြိုးတွေကြား ခပ်လှလှ ပန်းနုနု
လေးတွေ ဖြတ်ပြေးကြတဲ့ သုံးယောက်လုံးက
မြတ်နိုးမှုတွေ ကိုယ်စီ...။ မနိုင်မနင်း ခံစားချက်
တွေလဲ သယ်ပိုးထားရင်း...နှီးနှောမျက်လုံးလေးတွေနဲ့ ငေးတက်ကြသူတွေချည်း...။

Flowers Where stories live. Discover now