1ပတ်ခန့်ကြာသော်..၊
ယွန်းဟွာတစ်ယောက် ကျောင်းကန်တင်းတွင်တွေတွေဝေဝေဖြင့်ထိုင်နေမိသည်။သူမ၏မူလဘ၀မှန်ကိုလက်ခံရန်ခက်ခဲလှသော်လဲ သူမ လက်ခံလိုက်ပြီ။ဒါ့အပြင် သူမ၏ဘ၀နှင့်အလောင်းအစားထပ်ကာလုပ်ထားသည်။သူမ ဂျီဟျွန်းကိုယုံသည်။အကယ်၍ ဂျီဟျွန်းကျရှုံးသွားခဲ့လျှင်တောင် ဒီကလေးလဲကျနိုင်ဖို့ရာ သူမ ရှိနေမှဖြစ်မည်။
လီဆန်းဝူ...၊ ဆန်းဝူကတော့ CCTVပြန်စစ်ကြည့်ရာမှ သူ့ညီမ လက်ချက်မှန်းသိကာ သောင်းကျန်းတော့သည်။သူ့ညီမကို မသတ်ရုံတမယ်ပင်သောင်းကျန်းခဲ့မှန်းသိလိုက်ရသည်။ထို့အပြင် ဆန်းဝူသည် တစ်ချက် တစ်ချက်စိတ်လွတ်သွားသဖြင့် Therapist နှင့်ပြသနေရသည်။အတွင်းသတင်းများဖြစ်သော်ငြား သူမအဖို့စုံစမ်းရလွယ်ခဲ့သည်။ယခုတော့ ကျောင်းကန်တင်းတွင်အတူထိုင်စရာ လူ၃ယောက်လျော့သွားပြီဖြစ်သည်။
"မမမိုဂျွန်းကကွာ မမိုက်ပါဘူး၊ အဲ့လောက်ထိလုပ်သွားစရာလိုလို့လား..."
ပါးစပ်ကို တစ်ရှုးစဖြင့်သုတ်ရင်း ချင်းနန်က ပြောသည်။ထိုအခါ မြောင်ဂျယ်က
"ငါကတော့ ဆန်းဝူလုပ်တာလွန်တယ်လို့ပဲမြင်တယ်၊ အခုဟာကအလိုမတူပဲလုပ်တာချည်းကို..ဟိုက တရားပြန်မစွဲသွားတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေတယ်..၊"
"ဒါပေမဲ့လဲ ကိုကြီးဆန်းဝူခံစားရတာကိုကြည့်ဦးလေ၊ မသိရင် မမမိုဂျွန်းက သူ့ကိုအဟွာပုပြီး တာဝန်မယူပဲထားခဲ့လို့ လင်ပစ်ခံနေရတဲ့ပုံ...၊"
စိတ်ညစ်နေရတဲ့ကြားထဲမှ ချင်းနန်၏စကားကြောင့် သူမ ရယ်မိလိုက်သည်။သို့သော် ချင်းနန်ကိုမြင်လျှင် ဂျီဟျွန်းကိုသတိရသည်။ဂျီဟျွန်းလေး အဆင်မှပြေပါ့မလား။
တစ်ဖက်ရှိCနိုင်ငံတွင်တော့...။
ကျောင်းဆင်းချိန်ဖြစ်သောကြောင့် Cနိုင်ငံ၏နာမည်ကြီးအလယ်တန်းကျောင်းမှ ကျောင်းသားများသည် လမ်းမကြီးပေါ်တွင်ယောက်ယက်ခတ်နေသည်။ထိုကျောင်းသားများကြားထဲတွင် တည်ငြိမ်ကာ လွယ်အိတ်ကိုလွယ်၍ လမ်းဘေးတွင်ရပ်နေသည့်ကောင်လေးလဲရှိပေသည်။ထိုကောင်လေး၏မျက်နှာမှာအရယ်အပြုံးမရှိပဲ ပကတိအေးစက်နေကာ လူတကာရှိန်စေသည်။ထိုကောင်လေးကား ဂျီဟျွန်းပင်။

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...