Unicode
ဟွမ်နှင့်စုလွမ်တို့ သစ်ပင်အရိပ်တွေအုံ့ဆိုင်းနေတဲ့
သူမတို့ရဲ့ခြံထဲကနေထွက်လာကြတယ် ။ သစ်ပင်တွေကအရိပ်ရတော့ အအေးဓာတ်စိမ့်စိမ့်လေးက
လည်းပါရသည်။ သူမတို့ထွက်တော့ မနက် ၈နာရီသာရှိနေသေးတယ်။ဒါနဲ့ဒီစိမ်းစို နေတဲ့သစ်ပင်တွေအကုန်လုံးဟာ အမရဲ့ ပြုစုပျိုးထောင်မှုလေးတွေပါ ။
ပြည့်စုံနေတဲ့ သူမတို့ခြံဝန်းကို
လူတွေလာလည်ကြတိုင်း နှစ်သက်ကြတယ်။ဒီနေ့ဟာသူမတို့ အချစ်ငှက်လေးနှစ်ကောင်
အတွက်တော့လှပသော နေ့ရက်တွေထဲက
တစ်ရက်ပင် ။ပြီးတော့ ရန်ကုန်မြို့ကိုသွားမည်နေ့လည်းဖြစ်တယ် ။
ဆိုင်ကယ်ရပ်ထားတဲ့ အပြင်သို့ နှစ်ယောက်အတူ တွဲလျှောက်လာရင်း ။
ခရီးဆောင်အိတ်အလတ်စားကို ဟွမ်ကကိုင်သည် ။အမှန်ပဲလေ သူမရဲ့ဆရာမလေးကို
ခရီးဆောင်အိတ် ကိုင်ခိုင်းဖို့ဆိုတာ
လုံးဝမဖြစ်နိုင်ဘူး ။အပြင်သွားတိုင်း ဟွမ်က
အမြဲအိတ်ကိုင်ပေးတယ်လေ ။
သူမဆီက အိတ်ကူသယ်ပေးဖို့
တောင်းလို့မရမှန်းသိတော့
လွမ်ကလဲ မတောင်းတော့ပေ ။
ဟွမ့် လက်သွယ်သွယ်ကို ကိုင်ရင်းသာ
ခြံဝန်းထဲကထွက်လာတော့တယ် ။ပြီးတော့ အမက ခြံတံခါးပိတ်တယ်။
ဟွမ်က ဆိုင်ကယ်မောင်းသူ
နေရာမှာထိုင်ရင်း ခရီးဆောင်အိတ်ကို
သူမရဲ့ရှေ့နားမှာ ထားတယ် ။“စုလွမ် ထိုင်လို့အဆင်ပြေရဲ့လား ”
ဟွမ့်အသံလေးက လေပြည်လေးအလား
နူးညံ့နေမှာအမှန် ။“ အမဆိုင်ကယ်မောင်းပေးရမလား?”
စုလွမ်က ဆိုင်ကယ်ပေါ် ဘေးတစောင်းထိုင်ရင်း
ဟွမ့်ပုခုံးထက်ကို ဖွဖွ ဖိကိုင်တယ် ။“ မလိုပါဘူး စုလွမ်က
မောင့်ကိုအမြဲအားကိုးနေရုံပဲ ”“ဟုတ်ပါပြီ မောင်သိပ်စကားတတ်တယ် ”
ဆူသံမကျတကျလေးနဲ့ စုလွမ်ရဲ့အသံလေးက
ဟွမ့်နှလုံးသားကို ရှိရင်းစွဲထက်ပို
နူးညံ့သွားစေတယ် ။
CZYTASZ
ချစ်သော နန်း နှင့် ဟွမ် ( Completed )
RomansBoth Zawgyi & Unicode ရှမ်းပြည်ကြီးမှာ စတင်ဆုံတွေ့ခဲ့ကြ တို့နှစ်ယောက်၏ ချစ်ခြင်းအစ နန်းလွမ်ရင် 🌻 ဟွမ်ပန်းခမ် * ဤfictionရှိအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာဖြစ်ပါကြောင်း... တစ်နေရာရာတိုက်ဆိုင်မှုရှိခြင်း ရှိပါက စာရေးသူ၏ညံ့ဖ...