"ဟီးဟီး ဟိုမှာမင်းလူလာနေပြီ ဂျေ "
အီဟီဆွန်းရဲ့ခပ်မြူးမြူးအသံကြောင့် ဂျေလည်း ကျောင်းရှေ့ကိုအသာစူးစမ်းမိသည်။
နီစွေးစွေးကားကြီးကိုမှိီကာရပ်နေတဲ့ ထိုလူက ဂျုံဆောင်းကိုမြင်တော့ နေကာမျက်မှန်ကြီးချွတ်ကာ သူ့ဆီလှမ်းလာနေသည်။
"ကျစ်"
စိတ်ပျက်သလိုညည်းတွားလိုက်တော့ ဘေးကအီဟီဆွန်းကလည်းပြုံးစစ။
"ကိုယ်နဲ့လိုက်ခဲ့ပါဂျေ ဒီနေ့တော့မငြင်းပါနဲ့။ဒီနေ့ကကိုယ့်မွေးနေ့ "
ဂျေ မကျေနပ်သလို မျက်ခုံးအသာပင့်ပြတော့ ထိုလူက ပါးချိုင့်တွေနက်သွားသည့်အထိ ပြုံးသည်။
"လိုက်သွားလေကွာ မင်းကလည်း "
မရမကကိုတွန်းပို့နေတဲ့ဟီဆွန်းကြောင့် ဂျေ့မှာ ထိုလူ့ရှေ့ ကိုးရိုကားယား။
"ကျောပိုးအိတ်ကလေး ကိုယ့်ကိုပေး"
ညင်သာလွန်းစွာဆိုလာတဲ့ထိုလူကြောင့်
ဂျေအနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားရသည်။
အဲဒါကိုပင် ထိုလူကအလစ်ငိုက်ဖမ်းကာ ဂျေ့ရဲ့တစ်ဖက်ပဲလွယ်ထားတဲ့ကျောပိုးအိတ်ကလေးကိုဆွဲယူသွားတော့သည်။ကျောင်းရှေ့မှာမို့ ဂျေလည်း ထပ်မငြင်းနေတော့ပဲ ထိုလူ့နောက်လိုက်သွားရန်ဆုံးဖြတ်လိုက်တော့သည်။
ဂျေ့ကျောင်းရှေ့မှာမို့ ရုတ်ရုတ်သဲသဲမဖြစ်ချင်တာလည်းပါတာမို့။"ဟေ့ ခင်ဗျား ခဏလေး "
ကားဆီလှမ်းနေတဲ့ ထိုလူ့ခြေလှမ်းတွေအနည်းငယ်တုံ့သွားသည်။
"ကျွန်တော် ဟီဆွန်းကိုပါ ခေါ်ခဲ့မယ် "
သူ့စကားကိုကြားတော့ ထိုလူဟာ ခပ်ဖွဖွရယ်ပြန်သည်။
ပြီးတော့ ဘာစကားမှဆိုမလာပဲ ဂျေ့နောက်ကိုသာ မျက်စပစ်ပြသည်။ဂျေအသာလှည့်ကြည့်မိတော့....
အီဟီဆွန်းဆိုလို့ အဲဒီ့ခွေးကောင်ကလေးက ခြေရာပင်မကျန်အောင် ပြေးသွားခဲ့ပြီ။"ဟူးး "
ဂျေလေပူပူတွေကိုသာမှုတ်ထုတ်ပစ်လိုက်တော့သည်။