[A/n cvလေး changeထားတယ်နော် 💜]
Sအဆောက်အဦး၏မြေအောက်ပထမအထပ်တွင်ဖြစ်သည်။
"211.."
"212.."
"213.."
"2--14.."
ခပ်ပြင်းပြင်းအသက်ရှုသံနှင့်အတူ နံပါတ်စဥ်ရေတွက်သံက ခပ်မှန်မှန်ထွက်ပေါ်နေသည်။ထိုနံပါတ်စဥ်များကိုရေတွက်နေသူက အခန်းကျယ်ကြီးထဲတွင် ဒိုက်ထိုးနေသော Mr. Andrewသာ။အကြိမ်ရေ၃၀၀ပြည့်အောင်ဒိုက်ထိုးပြီးချိန်တွင်တော့ သူ၏ညာလက်ရုံးက အနားကပ်၍
"Boss..မနေ့ကကောင်လေး bossကိုလာတွေ့ပါတယ်၊"
သူမျက်ခုံးပင့်လိုက်ကာ
"ကောင်းပြီလေ၊ သူ့ကိုဧည့်ခံထားလိုက် ငါရေမိုးချိုးပြီးရင်လာခဲ့မယ်၊"
ပြီးသည်နှင့် လေ့ကျင့်ရေးခန်းမကျယ်ကြီးမှထွက်ကာ ထိုအထပ်တွင်ပင်တစ်ပါတည်းရှိနေသောရေချိုးခန်းထဲဝင်၍ရေမိုးချိုးလိုက်သည်။ပြီးသည်နှင့် Suitတစ်စုံထုတ်ဝတ်ကာ ထိုကောင်လေးစောင့်နေမည့်နေရာသို့သွားလိုက်သည်။
သူရုံးခန်းထဲဝင်လာသည်နှင့် ရုံးခန်းထဲရှိ သူ့ဘယ်လက်ရုံးကမတ်တပ်ရပ်ကာ အရိုအသေပြုသော်လဲ ဆိုဖာပေါ်တွင်ထိုင်နေသော ကောင်လေးကတော့ အထိုင်ပင်မပျက်ပေ။
"နောက်တစ်ကြိမ်ပြန်တွေ့ရတာ ဝမ်းသာပါတယ်၊ ကဲ..ပြော..မင်းဘာလိုအပ်လဲ..၊"
"ခင်ဗျားက မြေအောက်လောကမှာ အာဏာအတော်ရှိတယ်ဆို.."
ဝိုး...စကားပလ္လင်တွေဘာတွေတောင်ခံမနေတော့ပါလား၊ ဒီကောင်လေးကအလာကြီးပဲ။
မျက်နှာချင်းဆိုင်ရှိဆိုဖာတွင် သူဝင်ထိုင်လိုက်ကာ
"ဟုတ်တယ်၊ so..what?"
"ကျွန်တော် ခင်ဗျားတို့ Gangရဲ့ ကျွမ်းကျင်လုပ်ကြံသူဖြစ်ချင်တယ်၊ ကျွန်တော့်ကို Training ပေးနိုင်မလား၊"
"ဆုန်း.ဂျီ.ဟျွန်း...ဆုန်းမိသားစုရဲ့အငယ်ဆုံးသား၊ တော်ဝင်မိသားစုရဲ့မင်းသားငယ်၊ ဒီကိစ္စက ကစားစရာမဟုတ်ဘူးနော်..Batonလေးတစ်ချက်ယမ်းရုံနဲ့ မင်းထက်၂ဆ၃ဆလောက်များတဲ့လူအုပ်ကို တိုက်ခိုက်နိုင်လိမ့်မယ်လို့များထင်နေသလား..."

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...