Part 28-ပထမ၂ချီအတွက်တော့ကောင်းတယ်။

7.6K 719 24
                                    

Unicode

အောင်နိုင်သူအပြုံးပြုံးကာ ဒန်နီရယ်က အယ်လ်ဖာအနားကိုကပ်သွားပြီး နှုတ်ခမ်းကို တစ်ချက်အနမ်းပေးလိုက်တယ်။လောင်ထရန်းက အနမ်းခံလိုက်ရလို့ ၃စက္ကန့်လောက် ကြက်သေသေသွားပြီး စိတ်ထဲမှာညည်းညူလိုက်မိတယ်။သူတို့က လူမြင်ကွင်းကြီးမှာကို ဒန်နီရယ်ကသူ့ကို သိသိသာသာမြူစွယ်နေတယ်။အပြင်ရောက်နေရင် ဒန်နီရယ့်အပေါ်အနေအထိုင်ဆင်ခြေရမယ်ဆိုတာ လောင်ထရန်းက ကောင်းကောင်းသိတယ်။

ဒါပေမဲ့....

လောင်ထရန်းက သူ့ရဲ့ဆင်ခြင်တုံတရားကို အပြည့်အဝအသုံးပြုပြီး ဒန်နီရယ့်ဘေးကနေနည်းနည်းခွါကာ ဝိုင်နီကိုမော့သောက်လိုက်တယ်။ရေတစ်ခွက်ကဲ့သို့ တဂွက်ဂွက်မော့ချကာ နောက်တစ်ခွက်ထပ်ထည့်ပြီး ထပ်သောက်ပြန်တယ်။

ဒန်နီရယ်က ဒါကိုမြင်ပြီး မြန်မြန်သတိဝီရိယရှိသွားတယ်။မထင်ရပေမဲ့ အယ််လ်ဖာကအရက်မူးဒဏ်ကို သိပ်မခံနိုင်ဘူး။မူးနေရင် ပုံမှန်လူလိုပဲပြုမူပေမဲ့ သူ့ရာဂစိတ်ကတက်ကြွပြီး နောက်ဆုံး ဒန်နီရယ်ပဲ ဒုက္ခခံရမှာ။

"ဘုရားရေ! လောင်ထရန်း ဘာလို့ရေသောက်သလို တစ်ခွက်ပြီးတစ်ခွက်သောက်နေရတာလဲ?။" ဒန်နီရယ်က မျက်လုံးပြူးပြီးမေးရင်း လွမ်မင်လေးကိုသေချာပွေ့ဖက်ထားကာ အယ်လ်ဖာရဲ့လက်ထဲက ဝိုင်ခွက်ကို လုယူဖို့ ကြိုးစားတယ်။လောင်ထရန်းက ရယ်ကာ စိုးရိမ်နေတဲ့ဇနီးလေးကို ချော့ပြောလိုက်တယ်။

"စိတ်မပူပါနဲ့..ကိုယ်..အဲ့လောက်မပျော့ပါဘူး။" လောင်ထရန်းက သေချာအောင်ပြောလိုက်တယ်။

"ကျွန်တော်သိတယ်..ဒါပေမဲ့ အကို ဘာဝိုင်မှ ထပ်မသောက်ရတော့ဘူး။" ဒန်နီရယ်ကပြောပြီး စားပွဲထိုးတစ်ယောက်ကိုမြန်မြန်ခေါ်လိုက်တယ်။စားသုံးသူတွေကိုကူညီပေးဖို့ ထောင့်တစ်ထောင့်မှာရပ်နေတဲ့စားပွဲထိုးလေးက သူတို့စားပွဲနားကို ကျွမ်းကျင်တဲ့အပြုံးတစ်ခုနဲ့ ချဉ်းကပ်လာတယ်။

"ဘာများအလိုရှိ..။"

"ကျေးဇူးပြုပြီး ဒါကိုယူသွားပြီး သူ့အတွက်အမူးပြေမဲ့ဟာတစ်ခုခု ယူလာပေးပါနော်။"စားပွဲထိုးလေးက ပြောလို့မပြီးသေးခင်မှာဘဲ..ဒန်နီရယ်က စိတ်ဆိုးနေတဲ့အမူအရာနဲ့ ဝိုင်ခွက်နဲ့ဝိုင်ပုလင်းကို စားပွဲထိုးလက်ထဲ အမြန်ထည့်ပေးလိုက်တယ်။ဝိုင်ပုလင်းကိုယူကာ စားပွဲထိုးလေးက ခေါင်းညိမ့်ပြီးထွက်သွားတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora