Chapter-38

133 10 2
                                    

Zawgyi***

ဦးမော်နှင့် ဖုန်းပြောပြီးသည့်နောက်မှာတော့ လွှမ်း၏လေးတိလေးကန်ခြေလှမ်းတို့က အခန်းရှေ့၌ ခြေစုံရပ်သွားခဲ့သည်။

Ash ထံမှ ဝယ်ထားခဲ့သည့် ဦးဓနကြွယ်၏ ကားတိုက်မှုမှတ်တမ်းကို စစ်ဆေးရန် ဦးမော်ကို အကူအညီတောင်းထားသည့်ကိစ္စက ဒီနေ့ညနေ၌ အကြောင်းပြန်လာခဲ့သည်။

အချက်အလက်တွေနှင့် သက်သေတွေက အမှန်တွေတဲ့။

အမှန်တွေဆိုမှတော့ အမှုဖွင့်ပြီး တရားခံကို ဖမ်းရန်ကိစ္စကို လွှမ်းဆက်ပြီးဆောင်ရွက်ရတော့မည်။

နောက်ပြီး... ဒီကိစ္စကို ကာယကံရှင် ဖြစ်သည့် ဆည်းကိုလည်း အသိပေးရတော့ပေလိမ့်မည်။

အခန်းတံခါးကို ဖွင့်လိုက်သည့်အခါမှာတော့ ဆည်းက dream bed ပေါ်၌ အေးအေးလူလူထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေလေ၏။

လွှမ်းဝင်လာသည့်အခါ ဆည်းက လွှမ်းကို တစ်ချက်လှမ်းကြည့်လိုက်ရင်း...။

" ဖုန်းပြောပြီးပြီလား... "

လွှမ်းခေါင်းညိတ်ပြလိုက်သည့်အခါ ဆည်းက မည်သည့်မေးခွန်းမှဆက်မမေးတော့ဘဲ စာအုပ်ကိုသာ ပြန်ဖတ်နေတော့၏။

လွှမ်းက ဆည်းထံသို့ လျှောက်သွားလိုက်ရင်း မှန်တင်ခုံဘေးက ခွေးခြေခုံလေးကို ဆွဲယူလျက် ဆည်းဘေး၌ ဝင်ထိုင်လိုက်သည်။ ထို့နောက် ဆည်းလက်ထဲမှ စာအုပ်လေးကို ညင်ညင်သာသာ ဆွဲယူပိတ်ပစ်လိုက်ရင်း....။

" ဆည်း... ကိုယ့်မှာ ပြောစရာရှိတယ် "

ထိုအခါမှာတော့ ဆည်းက သူ့အား ပြောလေ ဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြလေ၏။ သို့ပေမယ့် လွှမ်းထံမှ မည်သည့်စကားသံမှ ထွက်မလာသည့်အခါ ဆည်း၏မျက်ခုံးတန်းတစ်စုံက တွန့်ချိုးသွားရပြီး...။

" မင်း ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး "

ဆည်း၏အမေးကို လွှမ်း ခပ်ဖျော့ဖျော့ပြုံးရင်း ခေါင်းခါပြလိုက်သည်။

တကယ်တော့ လွှမ်းတိတ်ဆိတ်နေခြင်းက ဆည်းအတွက် ထိတ်လန့်မသွားစေနိုင်သည့် သင့်တော်သည့် စကားရှာနေတာဖြစ်သည်။

Twilight ( Zaw+ Uni )Where stories live. Discover now