Intro

119 8 0
                                    

"ကွာရှင်းကြတာပေါ့ .. ကျွန်မတို့"

ရှင်းပြလို့မရနိုင်တဲ့ပြဿနာပေါင်းများစွာဟာ ဘယ်အချိန်ကတည်းက စလို့စခဲ့မှန်းမသိ။ မျက်စိရှေ့မှာ မာန်အပြည့်နဲ့ထိုင်နေတဲ့အမျိုးသမီးဟာ သူ့အပြောကိုတုတ်တုတ်မှမလှုပ်ဘဲ ခပ်တွေတွေသာငေးကြည့်လို့လာတယ်။

ဘာလဲ ဒါက .. ဝမ်းနည်းပြတာလား။ အသနားခံပြတာလား။ သူ့ဘာသာသူ ဘာပဲဖြစ်နေဖြစ်နေ ဒီတစ်ခေါက်တော့ ဒီနွံထဲကနေရအောင်ရုန်းထွက်တော့မယ်။

"ကွာရှင်းမပေးနိုင်ဘူးဆိုရင်ရော"

ထင်သားပဲ။ ခေါင်းမာတဲ့မိန်းမရဲ့ ပါးစပ်ကနေဒီလိုစကားမျိုးထွက်လာမယ်ဆိုတာ။

သူကဟက်ခနဲတစ်ချက်ရယ်ရင်း ဆိုဖာပေါ်မှာခြေချိတ်ပြီးထိုင်နေတဲ့ အမျိုးသမီးကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်တယ်။

"ရှင်ကျွန်မကိုဒီလောက်ထိနှိပ်စက်ရရုံနဲ့တင် မလုံလောက်နိုင်သေးဘူးလား။ တော်ပါတော့ .. ကျွန်မကို ထွက်သွားခွင့်ပြုပါတော့"

ဆံနွယ်ရှည်တွေကိုချထားပြီး ဂါဝန်ရှည်ဝတ်ထားတဲ့အမျိုးသမီးက သူ့ရှေ့က စားပွဲပေါ်မှာတင်ထားတဲ့ ကော်ဖီခွက်ကို လက်လှမ်းလိုက်တယ်။ ပြီးတော့ သူ့ပါးစပ်နားမှာတေ့ထားရင်း ကော်ဖီခွက်ကိုမှုတ်ရင်းကနေ ခပ်တိုးတိုးစကားသံထွက်လာတယ်။

"Wan စိတ်တိုင်းကျဖြစ်စေရပါမယ်။ Wan ဆန္ဒအတိုင်းပါပဲ"

မထင်မှတ်ထားတဲ့စကားသံကြောင့် ယူဂျောင်ဝမ့်မျက်လုံးတွေက လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ပြီးတော့ သူ့မျက်ခုံးတွေကို တွန့်ချိုးပစ်လိုက်တယ်။

"ရှင်က ကော်ဖီမသောက်နိုင်ဘူးမလား"

သူ့စကားကြောင့် ဂါဝန်ရှည်ဝတ်ထားတဲ့ အမျိုးသမီးက သူနဲ့မလိုက်ဖက်စွာပဲ ခပ်ဖွဖွပြုံးပြလို့လာတယ်။ အဲ့မြင်ကွင်းကို ယူဂျောင်ဝမ်က မကြည့်ဘဲ မျက်နှာလွှဲလိုက်တယ်။

"ခပ်ခါးခါးကော်ဖီတစ်ခွက်ကို ကြိုက်လှတယ်တော့မဟုတ်ပေမယ့် ..used to ဖြစ်နိုင်အောင်ကြိုးစားနေရတာ"

နှစ်ယောက်အတူထိုင်နေတဲ့ ဧည့်ခန်းထဲကနံရံပေါ်မှာ အပြာနုရောင်ပန်းချီကားတစ်ချပ်က လှပစွာစိုးမိုးထားတယ်။ သူ့အဖြေကို ယူဂျောင်ဝမ်က အလိုမကျစွာဘဲ မျက်ခုံးတွေကို နောက်တစ်ကြိမ်တွန့်ချိုးပစ်လိုက်တယ်။

The Moral Of The StoryWhere stories live. Discover now