(၁၇)

2.8K 189 26
                                    

Unicode ver
.
.
.

Honey & Mommy

အပိုင်း - ၁၇

သိပ်ချစ်စရာကောင်းလွန်းတဲ့သူမသည်
သူမရဲ့ Uniformလေးနဲ့ သိပ်ကိုလိုက်ဖက်လွန်းပြီး

အရင်နှစ်ကလို ဆံပင်ကို High light ဖောက်ထားခြင်းမရှိတော့ပေမဲ့ ရွှေညိုရောင်ဆံပင်အရောင်လေးနဲ့
သိပ်ကိုချောမောလွန်းနေခဲ့သည်။

"ဟိတ်"

သူမက နိုရာ့ကိုမြင်တာနဲ့
ဟိုအရင်ကလိုမျိုး နာမည်မခေါ်ပဲ ဟိတ် လို့သာစခေါ်လေသည်။

"အခုမှရောက်တာ ရေတောင်မချိုးရသေးဘူး"

"ဟုတ်လား အိမ်ရောက်မှချိုးတော့"

"ဟမ်....နောက်ရက်မှ လာအိပ်မယ်လေ"

"မရဘူး အမေ့ကိုပြောထားတယ်
ဒီနေ့ နင်ရောက်မှာ ၊ တခါတည်းခေါ်ခဲ့မယ်လို့"

"ဟယ် ရေတောင်မချိုးရသေးဘူးကို"

"သွားချိုး စောင့်နေမယ်"

"ဇွတ်ကြီးပါလား....နောက်ရက်မှလာပါမယ်ဆို"

"ငါ့မှာ အဝေးကြီးကနေတကူးတကလာခေါ်တာကို
uniformတောင်မလဲလာဘူး"

သူမက နှုတ်ခမ်းကိုတတောင်လောက်စူကာနွဲ့နွဲ့ကြီးပြောနေလေ၏။

"အမလေးရုပ်က ဘယ်လိုဖြစ်နေတာလဲ
လိုက်ခဲ့မယ်"

"ဒါငါတို့ရုံးက အကိုကြီးလေ
တယောက်တည်းဖြစ်နေမှာစိုးလို့လိုက်ပို့တာ "

သူမဘေးကလူက နိုရာ့ကို လာရယ်ပြသည်။
နိုရာကတော့ မိတ်ဆက်ပေးတာကို အသိအမှတ်ပြုတယ်ဆိုရုံ
ပြုံးပြလိုက်သည်။

သူမအနားမှာ ဘယ်သူပဲရှိရှိ တကယ် သဝန်တိုမိတာကတော့အမှန်ပဲဖြစ်သည်မဟုတ်လား။

"အင်း ခနစောင့် အဝတ်ထုတ်သွားယူလိုက်အုံးမယ်"

သူမ အပိုတွေပြောနေမှန်းသိနေပေမဲ့လဲ
မသိချင်ယောင်ဆောင်ပေးရင်း
အဆောင်ထဲဝင်ကာ အသင့်ရှိနေတဲ့ အဝတ်ထုတ်ကိုသွားယူလိုက်သည်။

အဆောင်က သူငယ်ချင်းတွေကတော့
အခုမှ မိုးကုတ်ကရောက်ပေမဲ့
ချက်ချင်းပဲ အပြင်မှာအိပ်မဲ့ မိမိကို ကြည့်ကာ
မေတ္တာပို့ရင်း ကျန်ရစ်ခဲ့ကြတော့သည်။

Honey နဲ့ MommyOnde histórias criam vida. Descubra agora