Chapter 7: Personal Teacher

899 118 68
                                    


ရုပ်ချောတာက အာရုံစိုက်ခံရပေမယ့် ဒီလိုကိစ္စမျိုးကတော့ လုံးဝကောင်းမနေဘူး။တနည်းအားဖြင့် လူသားသင်ထောက်ကူနဲ့တောင် ဆင်တူနေသေးသည်။

​နာမည်ကြီးအနုပညာတက္ကသိုလ်ရဲ့ ပန်းချီမေဂျာတတိယနှစ်အဆောင်မှာရှိနေ၍ အတန်းသူအများစုက ဆောင်းဟွန်းဝိုင်းကြည့်နေကြတယ်။ ကျောင်းသားတွေကတော့ သာမန်ဖြစ်ပုံရသည်။ ဒါပေမဲ့လည်း ဆောင်းဟွန်းအနေနဲ့တော့ ဒီပန်းချီမေဂျာမှာမော်ဒယ်အဖြစ်ထပ်မလုပ်ချင်တော့ဘူး။

တည်ငြိမ်တဲ့မျက်နှာထားပေမယ့် နတ်ဘုရားသဖွယ်ချောမောလွန်းသည့် ရုပ်ရည်ကြောင့် ဒီလိုမော်ဒယ်လုပ်ခိုင်းဖို့ ပရော်ဖက်ဆာတွေတွေးမိသွားပုံပေါ်တယ်။ အသက်ပြည့်ပြီးသားလူတာမို့ အပေါ်ပိုင်းဗလာဖြင့် ပန်းချီမော်ဒယ်ဖြစ်နေရပြီ။ နှင်းကဲ့သို့ဖြူဝင်းသော အသားအရေရှိကာ ရင်ဘတ်ပေါ်ကထင်းနေသောကြွက်သားများဟာ အတော်လေးကြည့်ကောင်းနေပြန်သည်။

ရုပ်ရည်ချောမောရုံမက ကြည့်ကောင်းပြီးဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ရှိပြန်တော့ ကျောင်းသူတွေ အာရုံလွှင့်ပြားကုန်တယ်။ဒါဟာ အထက်တန်းကျောင်းသားလေးရဲ့အမှားမဟုတ်ပါပဲ။ ယင်းနည်းတူ ပရော်ဖက်ဆာရဲ့အမှားလည်းမဟုတ်ရပါ။
​ဒီမော်ဒယ်မလုပ်ခိုင်းရသေးခင် ဆွေးနွေးခဲ့စဉ်မှာ ဆောင်းဟွန်းကသူ့ကိုယ်သူယုံကြည်မှုလွန်ကဲကြောင်းပြသလာတာမို့ ယခုလိုဖြစ်ခဲ့ရသည်။

ထိုင်ခုံမှာ တစ်ယောက်တည်းငြိမ်ငြိမ်လေးထိုင်နေ၍ တည်ငြိမ်လျက်ရှိသော ဆောင်းဟွန်းကိုငေးကြည့်ရင်း

" ချောလိုက်တာနော် မော်ဒယ်မောင်လေးက "

" အား အိပ်မက်ထဲက ငါ့မင်းသားလေးအတိုင်းပဲ။ ဒါနဲ့သူနာမည်ကိုသိလား "

" မသိဘူးလေ။ ဒါပေမဲ့တော်တော်လေးကြည့်ကောင်းတာပဲဟာ "

အချင်းချင်းစကားပြောနေကြကာ ပန်းချီ၌အာရုံမရှိတော့တာပိုမှန်လိမ့်မယ်။ မျက်လုံးတွေဟာ ဆောင်းဟွန်းဆီတွင်ရှိနေဆဲ။

" အေးဟယ် ငါတောင်ပန်းချီထပ်မဆွဲချင်တော့ဘူး။ ဟဲ့ဓာတ်ပုံရိုက်ထားလိုက်မယ်လေ "

𝗟𝗢𝗩𝗘𝗵𝗼𝗹𝗶𝗰 [SungJake]Where stories live. Discover now