Ch 25

4.9K 508 27
                                    

[A/N Ficလေး မဖတ်ခင် အရင်ဆုံးပြောချင်တာရှိပါတယ်၊ အဲ့တာကတော့ ဂျီဟျွန်းနဲ့ယွန်းဟွာတို့ကိုမြန်မာနိုင်ငံသင်္ကြန်ကိုလာလည်ခိုင်းမဲ့အစီအစဥ်ပါရှင်။ ဘယ်လိုလာလည်ခိုင်းမှာလဲဆိုတော့ သင်္ကြန်အထူးအပိုင်းရေးပေးမှာပါ၊ Oneshotသဘောမျိုးပေါ့ရှင်၊ စာလုံးရေကတော့ wp countနဲ့ ၁သောင်းခွဲနီးပါးလောက်ရှိပါလိမ့်မယ်။

ဆန်းဝူနဲ့မိုဂျွန်းတို့အတွဲကိုပါ နဲနဲထည့်ရေးပေးထားမှာပါ၊ ဒီဟာကအထူးအပိုင်းဖြစ်တာကြောင့် ဇာတ်လမ်းနဲ့သက်ဆိုင်ခြင်းမရှိပါဘူး၊ အဲ့အပိုင်းထဲမှာတော့ မောင်လေးနဲ့မမရဲ့ ချိုချိုရိုရိုတွေကိုပဲမြင်ရမှာပါရှင်။

ဒီတော့ အဓိကအပိုင်းလာပါပြီ။ အဲ့အထူးပိုင်းလေးကို Pdf fileလုပ်ပြီးရောင်းမှာပါ။ အဲ့ကရတဲ့ငွေတွေကတော့ သင်္ကြန်အမှီ နှုတ်ခမ်းနီဖိုးအတွက် နဲ့ မုန့်ဟင်းခါးများများစားရဖို့အတွက်ပေါ့ရှင်။အခုကပြောထားရုံပဲရှိပါသေးတယ်၊ သင်္ကြန်အကြိုနေ့အမှီ ထပ်ပြီးကြေငြာပါ့မယ်နော်။]

______

Kနိုင်ငံ၏လေဆိပ်တွင်ဖြစ်သည်။ယွန်းဟွာတစ်ယောက် ခရီးဆောင်အိတ်ကိုဆွဲကာ ဖုန်းသုံးနေရင်း လေယာဥ်ကိုစောင့်နေမိသည်။သူမ၏ခပ်လှမ်းလှမ်းတွင်တော့ သူမ၏Body guardများက ရှိလို့နေသည်။ကိုယ်ပိုင်လေယာဥ်ဖြင့်သွား၍ရသော်လဲ အကြီးအကျယ်မဖြစ်ချင်၍ အထက်တန်းကျသောလေလိုင်းကိုရွေးကာ VVIPအတန်းမှထိုင်စီးရန်သာဆုံးဖြတ်ခဲ့တော့သည်။

လေယာဥ်ချိန်ကိုရောက်ရန် နာရီဝက်ခန့်သာလိုတော့သည်မို့ ကြည့်လက်စ သတင်းကိုပိတ်ကာဖုန်းကို သူမ၏ကုတ်အင်္ကျီအိတ်ထဲသို့ထည့်ထားလိုက်သည်။ထိုစဥ်မှာပင်

"လေယာဥ်ကစောင့်ရတာကြာလိုက်တာ...၊ ချီး..အဲ့လိုမှန်းသိ ငါနဲနဲနောက်ကျပြီးမှနင့်နောက်လိုက်လာပါတယ်။"

ဆန်းဝူသည် သူမ၏အနားသို့ခပ်ကြွကြွလျှောက်လာကာ ပြောလိုက်သည်။

"နင်ကပါ ဘာလို့လိုက်လာရတာတုန်း၊ နင့်မှာအလုပ်တွေအရမ်းအားနေလို့လား...၊"

"ငါ့မိန်းမနဲ့ငါ့သားလေးကို ပြန်ခေါ်ဖို့အတွက်လေဟာ..ဟဟ။"

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Donde viven las historias. Descúbrelo ahora