တိမ်တွေနေတဲ့ အရပ်ဆီ....
တိမ်တိုက်ရေချိုးပြီးထွက်လာတော့အခန်းထဲတွင်ခေတ်ကိုမတွေ့တော့ပါ။တိမ်တိုက်ခေတ်ပေးသောပန်းစည်းလေးကိုကိုင်လိုက်သည်။ပျင်းပြစွာနမ်းရှိုက်လိုက်သည်။ဟူး...မွှေးလိုက်တာ။ပန်းရနံ့ထက်ခေတ်ရဲ့ကိုယ်သင်းနံ့လေးကပိုပြီးမွှေးနေသည်။မင်းခုတော့ အမှန်တရားတွေသိသွားပြီပေါ့ခေတ်။ငါအရမ်းပျော်တယ်သိလား မင်းဆီကနေစကားချိူချိုလေးတွေကြားရလို့။ပြီးတော့ ငါမင်းဆီကနေအလိုချင်ဆုံးအကြားချင်ဆုံးစကားလေးတစ်ခွန်းကိုလည်းမင်းပြောလိုက်ပြီ။မေးနေစရာလိုသေးလို့လားခေတ်ရယ်။ငါမင်းကိုငြင်းစရာလား။
"ရောင်လေး ဘာတွေစဉ်းစားနေတာ"
"ဟာ ခေတ်"
တိမ်တိုက်အတွေးလွန်နေတုန်းအနောက်မှခေတ်က လာဖက်တော့တိမ်တိုက်တစ်ယောက်အတွေးများလေထဲပျံ့လွင့်သွားရတော့သည်။
"မောင်လို့ခေါ်ပါဆို"
"ရူးနေလားမခေါ်ပါဘူး"
"မခေါ်ရင်နမ်းတယ်ကွာ"
ရုတ်တရက်ခေတ်ကတိမ်တိုက်ပါးနားသူ့နှုတ်ခမ်းကပ်ကာနမ်းဖို့လုပ်လေသည်။
"ခေတ် ဘာဖြစ်နေတာလဲ ခေတ်လို့. "
"အက်ဆိုခေါ်လေ "
"ဟာ ...."
တိမ်တိုက်မျက်နှာတစ်ခုလုံးနီမြန်းလာတော့သည်။ခေတ်ကဖက်ထားတော့ ထွက်ပြေးလို့လဲမရပေ။
"ဟို...မောင်"
"ဟင်ရောင်လေး ချစ်တယ်ကွာအရမ်းပဲ"
ခေတ်တိမ်တိုက်ကိုအနောက်မှသိုင်းဖက်ထားရာမှတိမ်တိုက်ကိုယ်ေလးအားအရှေ့သို့လှည့်လိုက်သည်။တိမ်တိုက်ရဲ့နှာဖူးလေးကခေတ်နှုတ်ခမ်းနားကပ်သွားတော့သည်။
"ရောင်လေး မောင်တို့ဘယ်တော့မှမခွဲတော့ဘူးနော်"
"အင်း မောင်လည်းငါ့ကိုမထားခဲ့နဲ့နော်"
"အင်းပါရောင်လေးရဲ့ မောင်ကလေရောင်လေးအနားကကိုမခွာဘူးဟုတ်ပြီလား"
"တကယ်လား ဒါနဲ့မင်းငါ့ကိုဘယ်လိုဖြစ်ပြီးလာကယ်တာလဲဟင်"
"အရူးလေးရဲ့ ဖုန်းခေါ်ပြီးမချလို့ပေါ့ မောင်ကအကုန်ကြားနေရတယ်လေကံကောင်းချင်တော့ရောင်လေးဖုန်းကအင်တာနက်ဖွင့်ထားတော့ မောင်googleကနေတည်နေရာရှာပြီးလိုက်လာတာလေ"
YOU ARE READING
တိမ်တွေနေတဲ့ အရပ်ဆီ.....(Complete)
Любовные романыတိမ်တိုက်ရောင် "အထီးကျန်ခြင်းဆိုတာ ကိုကိုယ်တိုင်ဖန်တီးလို့ အထီးကျန်ရတာပါပဲ။လူတိုင်းက ပျော်ရွှင်အောင်နေလို့ရပါတယ်။အက်ဒီပျော်ရွင်မှုက ကိုယ်ချစ်တဲ့သူ ကိုယ်မြတ်နိုးတဲ့သူတွေနဲ့သာ ကုန်ဆုံးရင် မင်းေလာက်ပျော်ရွှင်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူးပေါ့"...