one shot uni

113 9 0
                                    

"ဟန်"..."ကိုယ်​နောက်တလဆို ပြန်လာရ​တော့မယ်"

ကိုယ်" "အရမ်းလွမ်းတယ်"

ကိုယ်...ပြန်လာရင်...ဟန့်အတွက်..
မုန့်​တွေ၀ယ်လာခဲ့မယ်"

"ဟန် က​တော့ ကိုယ့်ကို ပန်း​တွေနဲ့ စီးကြိုပါ"

ကိုယ်တို့ ဇီဇဝါ ပင်​အောက်မှာ ​တွေ့ကြမယ်​လေ

ဟန်​ရော ​နေ​ကောင်းရဲ့လား

ကိုယ် အိမ်မက်ဆိုးတခုမက်ခဲ့တယ်......

ကိုယ်က စစ်ပွဲတခုမှာ​သေသွားတာတဲ့

ကိုယ်​လေ မင်းကို ပိုင်ဟယ်(ဘ၀ကူးတံတား)မှာ
စောင့်​နေခဲ့တယ်တဲ့

ဒါ​ပေမယ့်​လေ....

ဆံနွှယ်​တွေက မဖြူ​သေးပဲ....အသက် ၃၃ ​လောက်ပဲရှိ​လောက်အုံးမယ်လို့ ထင်ရတဲ့ "ဟန်"က ​
ရောက်လာခဲ့တယ်

ကိုယ့်ကို​လေ အပြစ်​တွေတင်လိုက်တာများ
နားပူ​နေတာပဲ.....

အဲ​တော့​ ကိုယ်ဒီတ​ခေါက်ပြန်လာရင်​လေ ကိုယ်တို့
"လက်ထပ်"ရ​​အောင်

ဟန့်ကို ​ဆေးခန်း​လေး တခုဖွင့်​ပေးမယ်​လေ

အိမ်လှလှ​လေးတခုမှာ ဟန် အရမ်းကြိုက်တဲ့
ဇီဇဝါပန်း​လေး​တွေ အပြည့်စိုက်မယ်

အိမ်ကို အပြာ​ရောင်​လေး ​ဆေးသုတ်မယ်

ကိုယ်က စာဖိုမှုး လုပ်မယ်...ဟန်က​​တော့
ဆရာ၀န်လုပ်​လေ......

အား စိတ်ကူးလိုက်ယုံနဲ့တင်
တအား​ပျော်ဖို့​ကောင်းတာပဲ......

ကိုယ် ဟန် နဲ့​တွေ့ဖို့ မ​စောင့်နိုင်​တော့ဘူး

ဟန် ထမင်း​ရော​ကောင်း​ကောင်း​စားရဲ့လား

​အေးလာပြီ​နော်....

ကိုယ့်ကို လာကြိုရင် ကိုယ်နဲ့ဆင်တူ၀တ်ဖို့
၀ယ်ထားတဲ့ အပြာ​ရောင် အ​နွေးထည်​လေး
၀တ်လာခဲ့......

ကိုယ်လဲ ၀တ်လာခဲ့မယ်....

အား.. ...တအား​တွေ့ချင်နေပြီ.....

လွမ်းလိုက်တာ.....ဟန့်ရဲ့ အပွေ့ဖက်​လေး​တွေ....
အပြုံး​လေး​တွေ...ပါး အိအိ​လေး​တွေကို......

ကိုယ့်ကို ရူး​အောင်လုပ်​နေသလိုပဲ.....

သိပ်ချစ်တာပဲ.......

ကိုယ် ​နောက်တလ​နေရင် ပြန်လာ​တော့မှာစို​တော့
​စောင့်​နေ​နော်.....

ဟန် အစပ်​တွေ သိပ်မစားနဲ့အုံး....
ဗိုက်နာလိမ့်မယ်........

ကဲ စာ​တောင် ​တော်​တော် ရှည်သွားပြီထင်တယ်..

အ​ရေးကြီးဆုံးအချက်က​တော့
ဟန်ကိုယ့်ကိုလက်ထပ်ပါ​နော်......

ပြန်လာတဲ့ အချိန်ကျမှ နှင်းဆီပန်း​တွေ တ​ပွေ့တပိုက်နဲ့ ​သေချာ လက်ထပ်ခွင့် ​တောင်းပါ့မယ်......

အဲ့ချိန်ကျ လက်ခံမယ်မလား.......

ကိုယ်ဘာမှ ထပ်မလိုချင်​တော့ဘူး

အိမ်ပြာ​လေးတခုရယ် ဟန်ရယ်...ပဲရှိရင်ရပြီ....

       ဟန့်ကို သိပ်ချစ် သိပ်မြတ်နိုးရပါ​သော
                                ကုန်းကျွင့်//

........................................................................................
............
..........
.........
.......
.....
.....
.....
.....
.....

■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

{ တိုက်ပွဲမှာ ကျဆုံးသွား​သော ဗိုလ်မှုးကုန်းကျွင့်ရဲ့
           အိတ်ကပ်ထဲ၀ယ် အိပ်​မောကျ​နေ​သော
                         စာ​စောင်ငယ် တခု........}


>•< အဟိ ပျင်းလို့ ....




HAN💙 (one shot)Where stories live. Discover now