30

8.7K 125 0
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


(၁၂)ရက်တာမျှpublic safariစူးစမ်းပြီးနောက်မူလအစီအစဉ်အတိုင်းcape townသို့သွားရောက်ခဲ့ကြသည်။

တောင်အာဖရိက၏မြို့တော်(၃)ခုအနက်တစ်ခုဖြစ်သည့်အလျောက်နိုင်ငံခြားသားဆွဲဆောင်မှုနေရာအမြောက်အမြားရှိပြီးလည်ပတ်စရာနေရာများလည်းပေါများသည်။

cape townအနီးprivate safariများရှိသော်လည်းဒီတစ်ခေါက်ခရီးစဉ်မှာsafariလည်ပတ်မှုများခဲ့သည်ကြောင့်ပြတိုက်၊ကမ်းခြေ၊စျေးဝယ်ထွက်ခြင်း၊မြို့ထဲသို့လည်ပတ်ခြင်း၊boulders bay၌ပင်ဂွင်များသွားကြည့်ခြင်းအစရှိသဖြင့်လှုပ်ရှားမှုများကိုသာအဓိကထားလုပ်ဖြစ်ခဲ့ကြသည်။

တောင်တန်းများရှိသည်ကြောင့်တောင်တက်ချင်သော်လည်းကို့ကို့စိုးရိမ်မှုကြောင့်မတက်ဖြစ်ခဲ့။

ကိုကိုနှင့်အတူ(၁)လတိတိအပျော်ခရီးသွားခဲ့ရ၍နှင်းဖူးကျေနပ်သည်။အလုပ်မအားသည့်ကြားကအချိန်ပေးခဲ့တဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်မိ၏။

ဗိုက်ထဲရှိသားဦးလေးနှင့်ပါပထမဆုံးခရီးအတူတူသွားခြင်းဖြစ်သည့်အတွက်တောင်အာဖရိကခရီးစဉ်မှာနှင်းဖူးဘဝအတွက်တစ်သက်လုံးထူးထူးခြားခြားအမှတ်တရတစ်ခုအဖြစ်ကျန်နေပေလိမ့်မည်။

"ဖူး"

စင်ကာပူသို့ပျံသန်းနေသောလေယာဉ်အထက်ကို့ကို့ပေါင်ပေါ်ထိုင်ရင်းTIMEမဂ္ဂဇင်းဖတ်နေကြခြင်း။

"ဟင်" မဂ္ဂဇင်းဖတ်နေရင်းမှခေါင်းလေးအပေါ်မော့ကြည့်လိုက်သည်။

"မေအမရာအဖေကိစ္စ" တုံ့ဆိုင်းဆိုင်းပြောလာသောကို့ကို့လေသံကြောင့်နှင်းဖူးခံစားချက်မကောင်း။

မေအမရာနှင့်အဆက်အသွယ်မရခဲ့သည်မှာ(၁)နှစ်နီးပါးရှိလို့နေခဲ့ပြီ။social mediaတွင်သာမကလက်တွေ့လောကမှာပါအဆက်အသွယ်ဖြတ်သွားခဲ့သည်ကြောင့်။

"ဒီကိစ္စကိုတောင်အာဖရိကမလာခင်တစ်ညအလိုကတည်းကသိခဲ့တာ . . . ဒါပင်မဲ့ခရီးမသွားခင်ဖူးစိတ်မကောင်းဖြစ်မှာစိုးလို့ဘာမှမပြောဖြစ်ခဲ့ဘူး"

ခါးကိုဖက်ကာမျက်လုံးချင်းဆုံပြောနေသောကိုကို။

"ဘာကိစ္စလဲ"

《 ALYA 》حيث تعيش القصص. اكتشف الآن