ကျုံးဘေးကအပြန် ဈေးချိုဘက်သို့ လန်ချာငှားလာလိုက်သည်။ဈေးချိုဘက်သို့ရောက်သည်နှင့် စားသောက်ဆိုင်တစ်ချို့ကိုကြည့်ပြီး ရောင်နီမှာသရေပင်ကျနေသည်။ ကိုမောင်က
"ရောင်နီစားချင်တာစားစေဗျာ "
ထိုသို့ပြောလိုက်တော့မှ ရောင်နီကပြုံးပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့်ဝယ်ကာစိတ်ကြိုက်ဝယ်စားနေသည်။
"မောင်ဒါလေးစားကြည့် ထိုးမုန့်ကလေတကယ်ချိုပြီး အိနေတာပဲ"
"မောင်ကအချိုမကြိုက်ဘူးရောင်နီ"
"မောင်မကြိုက်လဲကျွန်တော်ကျွေးရင်စားရမယ်လေ ရော့ ပါးစပ်ဟ"
ကိုမောင်ပါးစပ်နားသို့အတင်းထိုးကျွေးနေသောကြောင့် ကိုမောင်စားလိုက်ရသည်။လုပ်ချင်တာလုပ်လိုက်ရတာကြောင့်ရောင်နီကပြုံးလိုက်သည်။
"မောင် ထိုးမုန့်ကချိုလား ကျွန်တော့်အပြုံးကချိုလား"
"သေချာပေါက်ထိုးမုန့်ပေါ့"
ကိုမောင်ကစိတ်ဆိုးမယ်ထင်ကာစလိုက်တော့ရောင်နီကပြုံးလိုက်သည်။ပြီးနောက်ထိုးမုန့်လေးကိုစားရင်
"ထိုးမုန့်ကပိုချိုမှာပေါ့ကျွေးတဲ့ကျွန်တော်က ချစ်ခြင်းမေတ္တာတွေနဲ့ကျွေးတာလေ"
သူ့ရှေ့ကကောင်ငယ်လေးကသူ့ကိုစိတ်မဆိုးသည့်အပြင် ပြန်တောင် သူ့အသည်းကိုခြွေယူသွားပြန်သည်။
ဆိုင်ရှင်အဒေါ်ကြီးကတော့သူတို့နှစ်ဦးကိုကြည့်နေရင်းပြုံးနေမိသည်။ထိုပြုံးရယ်မှုနဲ့ပျော်ရွှင်မှုက ခဏတာဆိုတာတော့ သူသိနိုင်ပါ့မလား။
နှစ်ဦးသားလက်တွဲလျက်ဈေးချိုကိုပတ်ကြည့်နေလျက်ရှိသည်။ခဏအကြာသူတို့နောက်သို့သူစိမ်းအမျိုးသားတစ်ယောက်နောက်ယောင်ခံလိုက်လာတာကို ကိုမောင်သတိထားမိလိုက်သည်။သို့ပေမယ့် ရောင်နီကို အရှုပ်ထဲမသွင်းချင်တာကြောင့်
"မောင်တို့ပြန်ကျရအောင် ဒါမှမဟုတ်မောင်တို့ မန္တလေးတောင်ဘက်သွားရအောင်။"
"အင်းမောင့်သဘော"
ရောင်နီလက်ကိုကိုင်လျက် ဈေးချိုဘက်ကနေပြန်ထွက်ရင်ပြင်တော့ နောက်ကနေလိုက်လာတဲ့ သူစိမ်းအမျိုးသားတစ်ယောက်က ရောင်နီကို သေနတ်ဖြင့်ပစ်ရန်ချိန်တာကိုကိုမောင်မြင်လိုက်သည်။