ဟိုက်ခွမ်းတစ်ယောက် ဆေးရုံကိုသွားဖို့
အောက်ထပ်ကိုဆင်းလာခဲ့သည်။သူထမင်းစားဝိုင်းမှာ ၀င်ထိုင်လိုက်တော့
သူ့ရှေ့ကို ဓာတ်ပုံတစ်ပုံရောက်လာသည်။သူကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံဖြစ်နေသည်။"ဒါကဘာသဘောလဲ မား"
"မင်းမြင်တဲ့အတိုင်းပဲ ညနေကိုချိန်းထားတယ် အလုပ်ကိုဖြတ်ပြီးသွားတွေ့"
"မလုပ်ချင်ဘူး မား"
"ဘာလို့မလုပ်ချင်ရတာလဲ ဟမ် ပြောစမ်းပါဦး"
"......"
"သူမက ချမ်းသာတယ် မျိုးရိုးကောင်းထဲကပဲ ထက်လဲထက်မြက်တယ် သွားတွေ့လိုက်"
"ကျွန်တော်သွားတော့မယ်"
"မနက်စာစားသွားပါဦးလား သား"
"မစားတော့ဘူး ပါး"
ဟိုက်ခွမ်းထွက်သွားတော့"မင်းဘာတွေလုပ်နေတာလဲ"
ထိုအခါ ကော်ဖီကိုသောက်နေတဲ့ အမျိုးသမီးဖြစ်သူက ပြုံးပြီး
"ကျွန်မဘာလုပ်နေလို့လဲ သားကောင်းစားဖို့လုပ်နေတာလေ"
"မင်းခုထိအသိတရားမရသေးတာလား"
"ဘာကိုရ,ရမှာလဲ တစ်ခါမှားခဲ့ပြီးပြီ နောက်ထပ်ဘယ်တော့မှမရှိစေရဘူး"
"မှားတယ် ဘာကလဲ သားတော့မဖြစ်နိုင်ဘူး မင်းပဲနေမှာ"
"အို ကျွန်မ,မမှားဘူး တကယ်လို့မှားခဲ့ရင်တောင် မိခင်တစ်ယောက်ရဲ့အတ္တပဲ ရှင်လုပ်ရမှာက ကျွန်မလုပ်တာတွေကို ဘာမှ၀င်မပြောဖို့ဘဲ"
အမျိုးသမီးဖြစ်သူက ထိုသို့ပြောပြီး ထွက်သွားလေသည်။အမျိုးသားဖြစ်သူမှာတော့ ထွက်သွားတဲ့အမျိုးသမီးကျောပြင်ကို ကြည့်ပြီး ခေါင်းသာခါယမ်းမိတော့သည်။ဘယ်အချိန်ထိဆက်ပြီး လုပ်နေဦးမှာလဲကွာ။
ဟိုက်ခွမ်းတစ်ယောက် အိမ်ကနေမနက်စာစားမလာရသေးတော့
သူစားနေကျဆိုင်ကိုပဲ ၀င်လိုက်သည်။ထောင့်တစ်ထောင့်ရဲ့စားပွဲမှာ၀င်ထိုင်လိုက်ပြီး ကော်ဖီကို ထိုင်သောက်နေမိသည်။သူ စိတ်ညစ်သည်။မနက်က မားကသူ့ကို အိမ်ထောင်ဖက်သွားတွေ့ခိုင်းနေသည်။သူစိတ်မှမ၀င်စားတာ။သူ့ရင်ထဲမှာ ခုချိန်ထိ တစ်ယောက်သောသူကသာ စိုးမိုးနေတာ။ခုချိန်ထိလဲ မေ့ရမှာမဟုတ်သလို နောင်လဲမေ့လို့ရမှာမဟုတ်တာ သေချာသည်။
သူလဲ စိတ်ညစ်ညစ်နဲ့ သက်ပြင်းချမိသည်။ထိုစဉ်