31

16.7K 165 4
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


၂၀၃၇ခုနှစ်၊ဒီဇင်ဘာလ၊၂၅ရက်။

"မေမေ"

သားသားKruger၏စကားသံကြောင့်vegan christmas puddingလုပ်နေရင်းနှင်းဖူးမော့ကြည့်လိုက်သည်။

ထမင်းစားစားပွဲနှင့်kitchenမှာမျက်နှာချင်းဆိုင်ဖြစ်သည်ကြောင့်ကြွေကောင်တာပေါ်တွင်မုန့်ဖုတ်နေသောနှင်းဖူးသည်စားပွဲနားသို့လျှောက်လှမ်းလာသောသားသားကိုရှင်းလင်းစွာမြင်နေရ၏။

"သားလေး . . . အိပ်ရာနိုးတာလား . . . အစောကြီးရှိသေးတာကို . . . အိပ်ရေးရောဝရဲ့လား"

မနက်(၄)နာရီကျော်သာရှိသေးသည်ကြောင့်ကိုကိုပင်အိပ်ရာမထသေး။နှင်းဖူးတစ်ယောက်သာကလေးများနိုးလာရင်အဆင်သင့်စားလို့ရစေရန်Christmasစားဖွယ်များကိုချက်ပြုတ်နေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့်တော့မနက်(၆)နာရီတိုင်းချက်ပြုတ်သူများလာရောက်ချက်ပြုတ်ကြသော်လည်းအခုလိုအထူးနေ့များတွင်တော့သူတို့ကိုအလုပ်နားပေးပြီးနှင်းဖူးကိုယ်တိုင်ချက်ပြုတ်လေ့ရှိသည်။

"Merry Christmasမေမေ"

လှမ်းဖက်လိုက်သောသားသားKrugerသည်နှင်းဖူး၏ခါးတစ်ဝက်ပင်မရှိပါ။သို့သော်ရွယ်တူ(၆)နှစ်အရွယ်များနှင့်ယှဉ်ရင်တော့အရပ်ရှည်ပြီးလူကောင်ထွားသည့်အထဲပါဝင်နေသည်ကြောင့်နှင်းဖူးဂုဏ်ယူမိ၏။

"Merry Christmasသားသား"

"ကြက်ကောင်လုံးကင်စားချင်တယ်မေမေ"

နှင်းဖူးမှာအသားမစားသော်လည်းကိုကိုနှင့်သားများကိုတော့အစားနှင့်ပတ်သက်ပြီးထိန်းချုပ်မထားပါ။

"လုပ်ထားပါတယ်ရှင် . . . ပြီးရင်စားရမယ်" မုန့်ဖုတ်ထားသည်ကြောင့်လက်မှာပေနေသဖြင့်Kruger၏ခေါင်းလေးကိုတော့ပွတ်သပ်မပေးဖြစ်တော့။

ပါးကိုနမ်းရန်ခုန်ဆွခုန်ဆွလုပ်နေသည်ကြောင့်နှင်းဖူးပြုံးကာခါးလေးကိုင်းပေးလိုက်သည်။ကလေးများသည်မနက်မိုးလင်းချိန်နှင့်ညအိပ်ရာဝင်ခါနီးချိန်တိုင်းမိဘများကိုနမ်းလေ့ရှိသည်မှာနှင်းဖူးတို့မိသားစု၏အကျင့်။

《 ALYA 》Where stories live. Discover now