တစ်ရက်နှင့်တစ်ညလောက်လေယာဥ်စီးပြီးချိန်တွင်တော့ Cနိုင်ငံသို့လေယာဥ်ကဆိုက်ရောက်လာပြီဖြစ်သည်။Cနိုင်ငံ၏လေဆိပ်ထဲတွင်လူများကပျားပန်းခတ်မျှလှုပ်ရှားသွားလာနေကြသည်။လေဆိပ်ထဲသို့ ခြေချလိုက်သည်နှင့် ယွန်းဟွာတစ်ယောက်ပျော်ရွှင်မှုကိုခံစားလိုက်ရသည်။Cနိုင်ငံလေဆိပ်၏မှန်များကာရံထားသော နံရံတစ်ဖက်ခြမ်းကိုလှမ်းမျှော်ကြည့်ရင်း
"ဟျွန်းလေးကို မမပြန်လာခေါ်ပြီ..၊"
ဟု ခပ်တိုးတိုးရေရွတ်လိုက်မိသည်။
လူကအနဲငယ်နုန်းနေ၍လက်ကိုင်အိတ်များကို Body guardတွေကိုပေးကာ ဆန်းဝူကိုလှမ်းခေါ်ရန်ပြင်လိုက်သည်။
"ဆန်းဝူရား...၊ နင်ငါနဲ့အတူ ဟိုတယ်မှာတည်းမှာလား၊ ဒါမှမဟုတ်..."
"ငါ မိုလေးတို့နားကဟိုတယ်မှာပဲတည်းတော့မယ်..၊ ငါခေါ်ထားတဲ့ကားတောင်ရောက်နေပြီ၊ ငါသွားတော့မယ်..."
စကားကိုRapရွတ်သလို တစ်ရဆက်ပြောချသွားကာ လေဆိပ်အပြင်ဘက်တွင်ရပ်ထားသောကားတစ်စီးဆီသို့ပြေးသွားလေသည်။ဆန်းဝူ၏နောက်ကျောကိုကြည့်ရင်း ယွန်းဟွာကတော့
"ပလတ်စတစ်လို သူငယ်ချင်း..၊ သူ့မယားနဲ့လဲတွေ့ရော ငါ့ကိုထားခဲ့တယ်...၊" (အတုအယောင်လိုသူငယ်ချင်း)
သူမ Cနိုင်ငံသို့ရောက်ရှိလာသော်လဲ သူမ၏အဘိုးဆီတွင်မနေချင်ပါ။ထို့ကြောင့် အဆင်ပြေမည့်hotelတစ်ခုကို ဆန်းဝူကိုရှာခိုင်းကာ အခန်းကြိုယူခိုင်းထားလိုက်သည်။အခုတော့ သူမ အရမ်းကိုနားချင်နေပြီဖြစ်၍ ထိုhotelဆီသာသွားရန် body guard များကိုညွှန်ကြားလိုက်သည်။
Body guardများစီစဥ်ပေးသော ကားပေါ်တွင် လိုက်ပါလာရင်း ယခု သူမအနားယူမည့် Hotelအကြောင်း အင်တာနက်မှ Reviewများကြည့်လိုက်သည်။ဒါကသူမအကျင့်ပင်၊ Reviewကောင်းသော အရာများကိုသာရွေးချယ်တတ်သောသူမအကျင့်သည် ယွန်းဟွာ၏ကိုယ်ထဲရောက်လာသည့်တိုင်မပြောင်းလဲခဲ့ချေ။
သူမတည်းခိုရမည့်ဟိုတယ်အမည်က Hwa ဖြစ်ကာ အတော့်ကိုအထက်တန်းကျပြီး နာမည်ကြီးသည့်ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်။ထိုဟိုတယ်မှာနာမည်ကြီးသည့်အလျောက်ပင် customer serviceကလဲအတိုင်းအထက်အလွန်အဆင်ပြေလှသည်တဲ့လေ။

BINABASA MO ANG
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...