အခန်း၄ စတေးခံ

101 14 0
                                    

"အယ် နေဦး မင်းမဟုတ်မှလွဲရော ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ မြို့ထဲယောင်ချာချာနဲ့ရောက်လာတဲ့ လူငယ်လေးမလား"

"ယောင်ချာချာ တဲ့လား ပထမဆုံးရောက်ဖူးတာ ဘယ်လိုလုပ်သိပါ့မလဲအစ်ကိုကြီးရယ်"

"မင်းအခုမြို့ပြင်ထွက်မလို့လား"

"အင်း..‌ဟုတ်တယ် တောထဲမှာကျန်ခဲ့တဲ့ ဓားမနဲ့ ထင်းထမ်းစဉ်ပြန်ရှာမလို့ လောင်ပန်းက ပြန်မတွေ့ရင်ပြန်မလာနဲ့တဲ့

တံခါးစောင့်ကသက်ပြင်းတချက်ချရင်း
"ခက်တာပဲ
တကယ်ပါပဲ နောက်နေ့မှ သွားပါလား ဒီနေ့က ရှင်းဝူပွဲတော်နေ့ ဒီအချိန် မင်းတောထဲသွားရင်ပြန်လာဖို့ခက်ခဲလိုက်မယ်"

"ဘာလို့လဲ"
တံခါးစောင့်ကစကားဆက်သည်

"မင်းကရောက်တာမကြာသေးတော့ မသိသေးတာပဲ ရှင်းဝူပွဲတော်ဆိုတာ  ညသန်းခေါင်အချိန်မှာ အစီအရင်တခုဆွဲပြီးရွေးချယ်ထားတဲ့ လူငယ်တွေက  အစီအရင်တခုထဲမှာ ကခုန်ကြတဲ့ ပွဲတခု ။အဲဒီအချိန် ရှင်းဝူက ဒီပွဲကိုလာကြည့်ဖို့ တနှစ်တခါ  သူရဲ့ကိုယ်ရံတော်နဲ့အတူလာတက်တယ် အဲဒီနေ့ရောက်ရင်  အိမ်တွေမှာ ညမမှောင်ခင် အစီအရင်တွေရေးထားရတယ် အစီအရင်မ‌ရေးထားမိတာဖြစ်ြဖစ် ကနေရင်း  အစီအရင်ထဲကနေထွက်မိတာဖြစ်ဖြစ် လုပ်မိရင် ဖျားနာတဲ့သူဖျား ဘယ်က ဘယ်လိုဖြစ်မှန်းမသိတဲ့ကပ်ရောဂါတွေဖြစ်ပြီးသေတဲ့သူကသေနဲ့

မင်း အခုညတောထဲသွားမယ်ဆိုရင် ပိုတောင်ဆိုးဦးမယ်တကယ်လို့  မင်း ညမမှောင်ခင် အမှီပြန်မလာနိုင်ရင် ကပ်ရောဂါမိပြီးမင်းသေနိုင်တယ်

ယန်ယွဲ့ မေးစေ့လေးပွတ်ကာ...
"ဟင်း....အဲဒီလောက်တောင်ပဲလား

နေပါဦး အစီအရင်ဆိုတာ ဘာအစီအရင်လဲ ပြီးတော့ရှင်းဝူ ဆိုတာကရော ဘယ်သူလဲ သူအတွက် ဘာလို့ ကပွဲလုပ်ကြတာလဲ"

လာလာထိုင်ထိုင် ငါပြောပြမယ်
တံခါးစောင့်နဲ့ ယန်ရွှယ် က မြို့တံခါးနားမှာ ထိုင်ချလိုက်ရင်း တံခါးစောင့်က ထမင်းဆုပ် သေးသေးလေးယန်ရွှယ်ကိုလာပေးသည်
"ရော့ ဒါငါ့အိမ်ကယူလာတဲ့ထမင်းဆုပ်လေး မင်းကိုတဝက်ကျွေးတာ  မင်းကြည့်ရတာလည်း အားမရှိတဲ့ပုံနဲ့ ရော့စား စားရင်းပြောပြမယ်"
မှန်သည် ယန်ရွှယ် အလုပ်က ထမင်းနပ်မှန်အောင်စားရသော်လည်း အသားမကျသေသည့်နေထိုင်မှူအောက်တွင် ယန်ရွှယ် အာဟာရမမျှတခဲ့ပေ။

ကျွန်တော်ရဲ့ ချစ်ရတဲ့ ချစ်ဇနီးနတ်ဘုရားလေး( 亲爱的 小神老婆)Onde histórias criam vida. Descubra agora