Epi - 17 (Uni)

1.1K 92 2
                                    

"ဘာ ! "

"နွေးနဲ့ အဲ့ကောင်နဲ့ ပြန်တွဲနေပြီ။ ဟုတ်လား"

ကျူရှင်မှာ လူစု စာကျက်နေတုန်း မိုးသက်နဲ့ လင်း စကားပြောနေခြင်း ဖြစ်သည်။

"အေး။ ဟုတ်တယ်ကွ"

"တောက် ! သူ့စော်ကကော ? "

"ဖြတ်ပြီး နွေးကို ပြန်တောင်းပန်တာလို့ ပြောတာပဲဟ။ ငါလည်း သေချာမသိဘူး။ ခွန်း ပြောပြတာ"

"ငါလည်း စိတ်ဆင်းရဲတယ်။ နွေးအတွက် ယောင်္ကျား မရှားပါဘူး။ ဒါ‌ပေမဲ့ အဲ့လိုကောင်ကို ဘာလို့ ပြန်လက်ခံရတာလဲ"

"ချစ်လို့နေမှာပေါ့ကွာ"

မိုးသက်ရဲ့ အသံဟာ ရုတ်ချည်း လေးနက်သွားသည်။

ဒီတစ်ခါတော့ လင်းလည်း အရှိုက်ထိသွားခဲ့သည်။
နွေးက ချစ်တတ်နေပြီတဲ့လား။

"ငါ နွေးကို မေးကြည့်ပါဦးမယ်"

လက်ထဲက စာအုပ်ကို ပစ်ချပြီး စိတ်ပျက်စွာ ပြောလိုက်မိသည်။

"ဟင်း ... ငါတို့က ထူးဆန်းတယ်နော်"

မိုးသက်က ခနဲ့တဲ့တဲ့ ရယ်ရင်း ပြောလိုက်တဲ့ စကားကို လင်း စိတ်ဝင်စားပြီး စောင်းကြည့်လိုက်သည်။

"ဘာကိုလဲ"

"မင်းကလည်း မင်းကို ကြိုက်တဲ့သူတွေ ပေါရဲ့သားနဲ့ ဒဏ်ရာ အထပ်ထပ်ပေးတဲ့ နွေးကိုပဲ နွား အဖြစ်ခံပြီး ချစ်နေတာ။ ငါကလည်း ငါ့ကို ချစ်တဲ့ ခွန်းကို ဘေးဖယ်ပြီး နွေးကိုပဲ ချစ်နေပြန်တယ်။ ခွန်းကလည်း ငါ ထားတဲ့ နေရာမှာ နေပြီး‌ ငါ့ကို အရိပ်တကြည့်ကြည့် ရှိပေးနေတာလေ"

ခဏ ခဏ ပြောဖြစ်နေတဲ့ ဒီစကားရဲ့ အဓိပ္ပာယ်က အချိန်တိုင်းကို လေးနက်နေပါ၏။

"အင်း ... မင်းပြောတာလည်း ဟုတ်တယ်နော်။ ငါတို့တွေက တော်တော်ရူးတယ်"

"အဟင်း"

"ဟက်"

လင်းနဲ့ မိုးသက် ပြိုင်တူ ရယ်ချလိုက်မိသည်။ ဘာကို ရယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သူတို့နှစ်ယောက်သာ သိပါလိမ့်မည်။

"နွေး တကယ်လား"

"အမ် ? ဘာကြီးလဲ။ အရင်း မရှိ၊ အဖျား မရှိ"

No More Pain, Please (Season-1) {Completed}Where stories live. Discover now