အပိုင်း၅၇(Zaw+Uni)

1.5K 143 52
                                    

Zawgyi

ကြောက်ရွံစွာခြေလှမ်းတလှမ်းချင်းနောက်ဆုတ်သော်ငြားသူ့ အနားတဖြည်းဖြည်းချဉ်းကပ်ရင်း
တိုးဝှေ့ လာပြန်သောလူအုပ်ကြီး။

နိမ့်ချည်မြင့်ချည် မောဟိုက်လာသောရင်အစုံဖြင့်
ခက်ခက်ခဲခဲအသက်ရှုနေရပြီးသူ့ မျက်ဝန်းတွေနဲ့
မြင်သမျှ မြင်ကွင်းတွေဟာဝေဝါးကာ
အရာအားလုံးဟာဖြူတလှည့်ပြာတလှည့်။

ဝိုင်းဝန်းလက်ညှိုးထိုးအပြစ်တင်ပုတ်ခတ် ပြောဆိုသံတွေ သူကိုယ်တိုင်ပင်ဖော်မပြတက်သော ရင်တွင်းတနေရာက ကာလအတော်ကြာ ပုန်းကွယ်နေသော တုန်လှုပ်ကြောက်ရွံစိတ်တွေဟာ ရှောင်းကျန့်ဦးနှောက်တွေ စိတ်တွေဗလာကျင်းနေပြီး ခန္ဓာကိုယ်ဟာလဲ အားအင်ကုန်ခန်းသွားသည့်နှယ်။

ခြေထောက်တွေကလဲ မတ်တပ်ရပ်နေရာကနေ အားနည်းစွာဆက်လက်ရပ်တည်နိုင်စွမ်းမရှိ။ သူဘာဆိုဘာမှကို မသိတော့လောက်အောင် ပင်ပန်းနွမ်းနယ်နေလေပြီ

နောက်ဆုံးတော့ ခန္ဓာကိုယ်ငယ်ဟာ
မေးခွန်းများစွာဖြင့်တွန်းထိုးနေတဲ့လူအုပ်ကြား
တဖြည်းဖြည်းပျော့ခွေလဲကျသွားတော့၏။

"တွေ့ လား တွေ့ လား
အဲရှောင်းကျန့်ဆိုတဲ့ကောင် ဘယ်လောက်မာယာများလဲ"

ရုတ်တရုတ်လဲကျသွားတဲ့ရှောင်းကျန့်ကိုမြင်ပြီး
ထျန်းမိ့မီရဲ့အသံက မကျေမချမ်းထွက်လာတော့၏။

ထိုစဉ်ခန်းမပြင်ဘက်မှကြားရတဲ့ခြေသံကျယ်ကျယ်
အလျှင်စလိုခန်းမထဲသို့  ပြေးဝင်လာတဲ့သူတဦး။

ထိုသူဟာခန်းမထဲလူအားလုံးကို
သတ်ဖြတ်မတက်အေးစက်စက်ကြည့်လိုက်တော့
ခန်းမအတွင်းလူအားလုံး ရုတ်တရတ်ထိုးကျလာတဲ့ လေထု၏အေးစိမ့်ခြင်းကိုခံစားရတော့၏။

သူ့ ကိုမြင်သည်နှင့်လူအုပ်မှာတဖြည်းဖြည်းလူရှဲသွားပြီး

ရိပေါ်တွေ့ လိုက်ရတာက ဖြူဖျော့စွာ ကြမ်းပြင်ပေါ်လဲလျောင်းကျနေတဲ့
သူ့ ရဲ့အသည်းအသက်ကလေး။

သတိမရှိတဲ့ခန္ဓာကိုယ်ငယ်ကို သူပြေးပွေ့ ပြီး
မြတ်နိုးစွာနဖူးလေးကိုသူ့ နှုတ်ခမ်းနဲ့ အသာဖိကပ်နမ်းလိုက်ပြီးတောင်းပန်စကားဆိုတယ်။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now